
မော်စကို/ကိယက်ဗ် မေ ၃
လူ ၁၀၀ ကျော်ကို ဝိုင်းရံထားသော ယူကရိန်းနိုင်ငံ မာရီပူးလ်မြို့မှ ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ရုရှားနှင့် ယူကရိန်းစစ်ဘက်က ပြောသည်။ သို့သော်လည်း အရေအတွက်အတိအကျနှင့် တခြားအသေး စိတ်အချက်အလက်များမှာ ကွဲပြားလျက်ရှိသည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ မေ ၂ ရက် ထုတ်ပြန်ချက်အရ အဇော့ဗ်စတယ်စက်ရုံနှင့် ယင်းနှင့်ကပ်လျက်ရှိသော မာရီပူးလ်ရှိ လူ နေအိမ်များမှ လူပေါင်း ၁၂၆ ဦးကို လွန်ခဲ့သော သီတင်းပတ်ကုန်က ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
စနေနေ့က လူ ၂၁ ဦး အဇော့ဗ်စတယ်စက်ရုံမှ ထွက်ခွာခဲ့ပြီး အနီးဝန်းကျင်အိမ်များမှ ၂၅ ဦး ထွက်ခွာခဲ့ကြောင်း အားလုံးမှာ ဒွန်နက် တွင် နေထိုင်ရန် ဆုံးဖြတ်ထားကြောင်း ဝန်ကြီးဌာနက ပြောခဲ့သည်။
တနင်္ဂနွေနေ့က နောက်ထပ် အရပ်သား ၈၀ ကျော်ကို အဇော့ဗ် စတယ်စက်ရုံမှ ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် ဆေးဘက်ဆိုင်ရာအကူ အညီ၊ ယာဉ်ပေါ်တက်ရောက်ခြင်းနှင့် နေရာထိုင်းခင်းများကို ထောက်ပံ့ ပေးခဲ့ကြောင်း၊ အရပ်သား ၁၁ ဦးမှာ ဒွန်နက်တွင် နေထိုင်ရန် ဆုံးဖြတ် ချက်ချခဲ့ကြောင်းနှင့် တခြားသူများမှာ ကိယက်ဗ်ထိန်းချုပ်ထားသော ပိုင်နက်နယ်မြေများဆီသို့ ဦးတည်ထွက်ခွာချင်ကြောင်း ဝန်ကြီးဌာန က ဆက်လက်ပြောကြားသည်။
ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ အရပ်သားများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ၎င်းတို့၏ ယာဉ်တန်းသည် ယူကရိန်းတောင်ပိုင်းမြို့ဖြစ်သည့် ဇာပို ရီဇာဇီယာသို့ ထွက်ခွာသွားကြောင်း သိရသည်။
သို့သော်လည်း မာရီပူးလ်မှ ဘေးကင်းရာသို့ ရွှေ့ပြောင်းလာသော အရပ်သား ၁၀၀ ကျော်သည် ယူကရိန်းထိန်းချုပ်ထားသည့် တောင်းပိုင်း မြို့တစ်မြို့ဖြစ်သည့် ဇာပိုရီဇာဇီယာသို့ ရောက်ရှိလာခဲ့ကြောင်း ယူကရိန်းစစ်ဘက်က မေ ၂ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းဘက်က သတင်းထုတ်ပြန်ဖော်ပြချက်အရ ကယ်ဆယ်ရေး များ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။
ဆင်ဟွာ