
လန်ဒန် နိုဝင်ဘာ ၁၇
အာဂျင်တီးနားဂန္ထဝင်ဘောလုံးသမားကြီး ဒီယဲဂို မာရာဒိုနာ သည် ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဘုရားပေးသောလက်ဟု တင်စားထားသည့် ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ အဆိုပါ ပွဲတွင်အသုံးပြုခဲ့သည့်ဘောလုံးကို လေလံတင်ရောင်းချ ခဲ့သည်။
အဆိုပါဘောလုံးကို အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သန်းဖြင့် လေလံအောင်သွားခဲ့သည်ဟု သိရသည်။ လွန်ခဲ့သော ၃၆ နှစ်က မက္ကဆီကိုနိုင်ငံတွင် အာဂျင်တီးနားနှင့် အင်္ဂလန်အသင်းတို့ ကွာတားဖိုင်နယ်ယှဉ်ပြိုင်ကစားရာတွင် ယင်းဘောလုံးကို အသုံးပြု ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်က လန်ဒန်မြို့၌ လေလံတင် ရောင်းချခဲ့သည်။ ဘောလုံးပွဲအပြီးတွင် ယင်းဘောလုံးကို တူနီးရှား လူမျိုးဒိုင်လူကြီး အလီဘင်နက်ဆာ က ၎င်းပိုင်ဆိုင်ကြောင်း ပြောကြားခဲ့သည်။
ဘုရားပေးသောလက်ဆိုသည်မှာ အဆိုပါပွဲစဉ်တွင် ဦးဆောင် ဂိုးကိုဆိုလိုခြင်းဖြစ်ပြီး ပွဲပြီးပြီးနောက် ဘောလုံးပြိုင်ပွဲကို ပြန်ကြည့် သည့်အခါ ဘောလုံးဂိုးမဝင်မီ မာရာဒိုနာ၏ ဘယ်လက်ဖြင့် ထိသွား ကြောင်းတွေ့ရှိခဲ့သည်။ အာဂျင်တီးနားနိုင်ငံသည် ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား အနိုင်ရရှိရေးအတွက် ဆက်သွားနိုင်ခဲ့သည်။ မာရာ ဒိုနာသည် ၂၀၂၀ ပြည့်နှစ် အသက် ၆၀ အရွယ်တွင် ကွယ်လွန်ခဲ့သည်။
အင်န်အိတ်ချ်ကေ