မာန်အောင်ကျွန်း သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် Manaung Island Resort မာန်အောင်ကမ်းခြေဟိုတယ်ဖွင့်ပွဲ ကျင်းပ

စစ်တွေ      ဇန်နဝါရီ      ၂၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒေါက်တာညွန့်ဖေ၊ ဦးစောထွန်း အောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊     ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ ပြည်နယ်ဝန်ကြီးများ၊    ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မာန်အောင်မြို့နယ် ကအီး ကျေးရွာအနီးရှိ မာန်အောင်ကျွန်းသဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် Manaung Island Resort      မာန်အောင်ကမ်းခြေဟိုတယ်ဖွင့်ပွဲသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ မာန်အောင်ကျွန်းသဘာဝအခြေခံ ခရီးသွားလုပ်ငန်း စီမံကိန်းဆိုင်းဘုတ်အား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊   ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊   ဒေါက်တာညွန့်ဖေ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးကြသည်။


ယင်းနောက် ရခိုင်မင်္ဂလာစည်တော်အဖွဲ့က စည်တော်တီးကာ ရခိုင်ရိုးရာအကအဖွဲ့က ဗျာလ်ယိမ်းအကဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်  တိုင်းမှူးတို့က   ဂုဏ်ပြုဆုငွေများ ပေးအပ် ကြသည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် Manaung Island Resort မာန်အောင်ကမ်းခြေ ဟိုတယ် View Point မှ ကအီးကျေးရွာကမ်းခြေ၏ သဘာဝအလှကို လှည့်လည်ကြည့်ရှုကြသည်။


ထို့နောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် တာဝန်ရှိသူများက Manaung Island Resort မာန်အောင် ကမ်းခြေဟိုတယ်ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 


ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်က ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက် သည့်အခါတွင် ကျောက်ဖြူမြို့နယ်တစ်ခုတည်းကိုသာမက ကျောက်ဖြူ မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်များအားလုံးကို တစ်ပြိုင်နက် တည်း ဖွံ့ဖြိုးမှုရှိစေရန်ရည်ရွယ်ပြီး ဒေသလွှမ်းခြုံစီမံချက် (Regional Master Plan)ကို အတည်ပြုဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ သဘာဝ အရင်းအမြစ်များရှိသည့် အရပ်ဒေသ၊ သဘာဝတရားအတိုင်း ဖြစ်တည် နေသည့်နေရာများသည် တစ်နေ့ထက်တစ်နေ့ တန်ဖိုးရှိလာပြီး လူသား များကို     ဆွဲဆောင်နိုင်သည့်နေရာဒေသများ    ဖြစ်လာပါကြောင်း၊ ထို့ကြောင့် သဘာဝအရင်းအမြစ်များပေါကြွယ်ဝသည့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသည်   တစ်နေ့ထက်တစ်နေ့    တန်ဖိုးရှိလာသကဲ့သို့ မာန်အောင်ကျွန်းသည်လည်း ကျွန်း၏မူလရှိရင်းစွဲ သဘာဝအလှတရား များကြောင့် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်၏ ထင်ရှားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။ 


ဆက်လက်၍    ရခိုင်ပြည်နယ်ဝန်ကြီးချုပ်    ဒေါက်တာ အောင်ကျော်မင်းက အမှာစကားပြောကြားပြီး  မာန်အောင်မြို့ မြို့မိ၊ မြို့ဖ ဦးသာညွန့်နှင့်  မာန်အောင်အများနှင့်သက်ဆိုင်သော   ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဦးကျော်လှိုင်တို့က   ကျေးဇူးတင်စကား  ပြန်လည် ပြောကြားကြသည်။


အခမ်းအနားအပြီးတွင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် Manaung Island Resort မာန်အောင် ကမ်းခြေဟိုတယ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


 တင်ထွန်း(ပြန်/ဆက်)