မာလီနိုင်ငံ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေကြေညာ

ဘာမာကို   ဩဂုတ်  ၂၄
မာလီနိုင်ငံ၌ မကြာသေးမီရက်များအတွင်း မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့်  မာလီကြားဖြတ်အစိုးရ အဖွဲ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေထုတ်ပြန်ချက်ကို ဩဂုတ် ၂၃ ရက်တွင် ကြေညာခဲ့သည်။
မာလီနိုင်ငံတွင်  မိုးရာသီစတင်ချိန် ဇွန်လမှစ၍   တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  အိမ်ထောင်စု   ၇၀၇၇  ခန့်   ရေနစ်မြုပ်ခဲ့ပြီး လူပေါင်း ၄၇၃၇၄ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဩဂုတ် ၂၃ ရက်က  ကျင်းပသည့်    အစိုးရအဖွဲ့ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် အမိန့်အရ ကြားဖြတ်သမ္မတ  အက်စီမီဂိုအီတာက သဘာဝဘေးအတွက်   စီအက်ဖ်အေဖရန့်စ်  လေးဘီလီယံ (အမေရိကန် ဒေါ်လာ ၆ ဒသမ ၈ သန်းခန့်) ကို သုံးစွဲရန် ဆုံးဖြတ်ခဲ့သည်။                                                       ဆင်ဟွာ