
ဘလန်တိုင်ရီ မတ် ၁၈
မာလာဝီနိုင်ငံတောင်ပိုင်း ဒေသ၌ ဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီ တိုက်ခတ်မှုကြောင့် သေဆုံးသူများ ကို ထပ်မံတွေ့ရှိခဲ့ပြီး မတ် ၁၇ ရက် ဒေသစံတော်ချိန် ည ၉ နာရီအထိ သေဆုံးသူစုစုပေါင်း ၄၃၈ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံ၏ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ပြောကြားသည်။
မုန်တိုင်းကြောင့် လူပေါင်း ၃၄၅၁၈၃ ဦး (အိမ်ထောင်စု ၇၉၆၀၂ စု)မှာ ပြောင်းရွှေ့ခဲ့ရပြီး ၎င်းတို့အားထားရှိရန် ယာယီစခန်း ၅၀၅ ခုကို ထူထောင်ထားကြောင်း သိရသည်။ စုစုပေါင်းဒဏ်ရာရရှိသူ ၉၁၈ ဦး တိုးလာကာ ပျောက်ဆုံး နေသူ ၂၈၂ ဦးရှိကြောင်း ဌာန၏ ကော်မရှင်နာဖြစ်သူ ချာလစ် ခါလမ်ဘာက ပြောကြားသည်။
မာလာဝီရဲတပ်ဖွဲ့က ရှာဖွေ ကယ်ဆယ်ရေးအတွက် အနံ့ခံ ခွေးများကို ဖြန့်ကြက်ချထားပြီး ချီလိုဘွေမြို့၌ သေဆုံးသူ ကိုးဦး ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဆင်ဟွာ