
ဘလန်တိုင်ရီ မတ် ၁၇
မာလာဝီနိုင်ငံ၌ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဖရက်ဒီ ကြောင့် သေဆုံးသူပေါင်း ၃၂၆ ဦး အထိရှိလာကြောင်း မတ် ၁၆ ရက် ညနေပိုင်းက နိုင်ငံ သမ္မတက ရုပ်မြင်သံကြား ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားသည်။
သေဆုံးသူစုစုပေါင်းမှာ ၂၂၅ ဦးမှ ၃၂၆ ဦးအထိ တိုးလာပြီး ထိခိုက်ဒဏ်ရာ ရရှိသူအရေ အတွက်မှာ ၂၀၁ ဦးနှင့် ပျောက်ဆုံး နေသူဦးရေမှာ ၇၉၆ ဦးအထိ တိုးမြင့်လာကြောင်း မာလာဝီ သမ္မတ လာဇာရပ်စ် ချော့ဝီရာ က ပြောကြားသည်။ ရွှေ့ပြောင်း အိမ်ထောင်စု ၄၀၇၀၂ စုနှင့် ပြောင်းရွှေ့နေထိုင်သူအရေအတွက် မှာ ၁၈၃၁၅၉ ဦးရှိကြောင်း သမ္မတက ပြောကြားသည်။
မုန်တိုင်းဒဏ်ခံရသော ဒေသ အနှံ့တွင် ယာယီစခန်း ၃၁၇ ခု ထူထောင်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။
ပြည်တွင်းစီးပွားရေးလုပ်ငန်း ရှင်များက ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံခဲ့ရသည့် ဒေသခံများကို ကူညီထောက်ပံ့ရန် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်းအထိ လှူဒါန်းမည်ဟု ကတိပြုထား ကြောင်း သိရသည်။
ဆင်ဟွာ