မာဆွတ်ဒ် ပီဇက်ရှ် ကီယန် အီရန်သမ္မတအဖြစ် ရွေးကောက်ခံရ

တီဟီရန်   ဇူလိုင်   ၆
အီရန်နိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဟောင်း ဖြစ်သူ    မာဆွတ်ဒ်  ပီဇက်ရှ်ကီယန်သည် နိုင်ငံ၏    ၁၄    ဦးမြောက်      သမ္မတအဖြစ်  ရွေးကောက်ခံရကြောင်း     အီရန်ဗဟို ရွေးကောက်ပွဲကော်မရှင်မှ         ပြောရေး ဆိုခွင့်ရှိသူ မိုဆန်အက်စ်လာမီက ဇူလိုင် ၆ ရက်တွင် ကြေညာသည်။
ပြုပြင်ပြောင်းလဲရေးသမား   ပီဇက်ရှ် ကီယန်နှင့်  ကမ္ဘာ့အင်အားကြီးနိုင်ငံများ နှင့်    နျူကလီးယားဆွေးနွေးပွဲများတွင် အီရန်၏    ညှိနှိုင်းရေးမှူးချုပ်ဟောင်း ဆာအိဒ်ဂျာလီလီတို့အကြား  သောကြာ နေ့က      တစ်ကျော့ပြန်ကျင်းပသည့် ရွေးကောက်ပွဲရလဒ်များကို အက်စ်လာမီ က ကြေညာခဲ့သည်။
ဆန္ဒမဲအားလုံးအနက်       ပီဇက်ရှ် ကီယန်က ၁၆၃၈၄၄၀၃ မဲနှင့် ဂျာလီလီက ၁၃၅၃၈၁၇၉ မဲရရှိကြောင်း အက်စ်လာမီ က ပြောကြားသည်။  နိုင်ငံတစ်ဝန်းနှင့် ပြည်ပမှ   မဲရုံပေါင်း  ၅၉၀၀၀ နီးပါးတွင် ဒေသစံတော်ချိန် နံနက် ၈ နာရီမှစတင် ကာ တစ်ကျော့ပြန်ဆန္ဒမဲပေးခဲ့ခြင်းဖြစ်  သည်။ အသက် ၆၉ နှစ်အရွယ်  ပီဇက်ရှ် ကီယန်သည်        နှလုံးအထူးကုဆရာဝန် တစ်ဦးဖြစ်ပြီး   လက်ရှိတွင်လည်း    နိုင်ငံ ပါလီမန်တွင် အမတ်တစ်ဦးဖြစ်သည်။
၎င်းသည် ၂၀၀၁ ခုနှစ်မှ ၂၀၀၅ ခုနှစ် အတွင်း အီရန်သမ္မတဟောင်း  မိုဟာမက် ခါတာလီ        အစိုးရလက်ထက်တွင် ကျန်းမာရေးဝန်ကြီးအဖြစ်နှင့်     ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း   လွှတ်တော် ၏       ဒုတိယလွှတ်တော်ဥက္ကဋ္ဌအဖြစ်          တာဝန်ထမ်းဆောင်ခဲ့သည်။
၎င်းသည်     သမ္မတရွေးကောက်ပွဲ ပထမအကျော့တွင်     ၁၀၄၁၅၉၉၁   မဲ ရရှိပြီး မဲစုစုပေါင်း၏   ၄၂   ရာခိုင်နှုန်းကျော် ရရှိကြောင်း သိရသည်။
                  ဆင်ဟွာ