
နေပြည်တော် မေ ၁၈
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ ဖျော်ဖြေရေး အစီအစဉ်များ ကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “မ နဲ့ မောင်” တေးဂီတဖျော်ဖြေပွဲ ကို မေ ၂၀ ရက် သောကြာနေ့ ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို မြန်မာ့ အသံတေးဂီတအဖွဲ့၏ တီးခတ်မှု နှင့်အတူ တေးသံရှင်များဖြစ်ကြ သည့် မယ်လိုဒီ၊ သဒ္ဒါဖြူ၊ စုလှိုင် မျိုးသိန်း၊ ရွှေဖြူ၊ ဇင်သူဇာထွန်း၊ ဇင်သူသူထွန်း၊ ဘိုမ၊ စိုးသန်းထွဋ် နှင့် စောဒယ်နီရယ်တို့က ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို မေ ၂၂ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်