
ရန်ကုန် ဩဂုတ် ၆
၂၀၂၂ ခုနှစ် တရုတ်-မြန်မာ နိုင်ငံ တကာ လယ်ယာထွက်ကုန် အခြောက်ခံထုတ်လုပ်မှု မြှင့်တင် ရေးနှင့် ခေတ်မီနည်းပညာ သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်ပထမအပတ်က ယူနန် ပြည်နယ် ကူမင်းမြို့နှင့် ရန်ကုန် မြို့၌ အွန်လိုင်း/ အော့ဖ်လိုင်း စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရ သည်။
ဖွင့်ပွဲအခမ်းအနားသို့ ယူနန် ပြည်နယ် သိပ္ပံနှင့် နည်းပညာဦးစီး ဌာန ဒုတိယသုတေသီ မစ္စတာ လီကြားဖူ၊ ယူနန်ပြည်နယ်ပြည်သူ့ အစိုးရ နိုင်ငံခြားရေးရုံး၊ တရုတ် စက်ယန္တရား သိပ္ပံနှင့် နည်းပညာ ဌာန အထွေထွေအုပ်စုကြီး ဒုတိယ မန်နေဂျာချုပ် မစ္စတာ မွန်ရှန်ယူ (အွန်လိုင်း)၊ ယူနန်ပြည်နယ် သိပ္ပံ နှင့် နည်းပညာ ထောက်လှမ်းရေး ဌာန၊ မြန်မာနိုင်ငံ ကူမင်းအခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ် ဝန်ချုပ် ဦးသော်တာအောင်၊မြန်မာ နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန သုတေသနနှင့် ဆန်းသစ် တီထွင်မှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ဖြူဖြူဝင်း (အွန်လိုင်း) တို့ တက်ရောက် အမှာစကား ပြောကြားပြီး ဒါရိုက်တာရှီးကျင့်ဟွ သည် စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပစ္စည်း ကိရိယာ ဆန်းသစ်တီထွင်မှု ဟူသော ခေါင်းစဉ်ဖြင့် အဓိက အစီရင်ခံစာတင်ခဲ့သည်။
တရုတ်-မြန်မာနှစ်နိုင်ငံသည် ချစ်ခင်ရင်းနှီးသော ဆက်ဆံရေး သမိုင်းကြောင်း ရှည်လျားစွာရှိ၍ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံ နှင့် တောတောင်ရေမြေချင်း ဆက်စပ်နေကြောင်း၊ ယင်း သင်တန်းသည် မြန်မာ့စိုက်ပျိုးရေးထုတ်လုပ်မှုအတွက် အမှန်တကယ် လိုအပ်ချက်များကို အခြေခံ၍ အချောကိုင်ခြင်း သဘောတရား နှင့်နည်းလမ်း၊ အသုံးများသည့် ပစ္စည်းကိရိယာများနှင့် ပတ်သက် သော သင်တန်းများကို စီစဉ်သည့် အပြင် လက်တွေ့လုပ်ကိုင်ဆောင် ရွက်မှု သင်ရိုးညွှန်းတမ်းလည်း ဖြစ် ကြောင်း၊ သင်တန်းအကြောင်း အရာ ကြွယ်ဝခြင်း၊ တင်းကျပ်စွာ စီစဉ်ခြင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းခြင်းတို့ဖြင့် အကျိုး သက်ရောက်မှုများစွာ ရရှိမည်ဖြစ် ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနား သို့ သက်ဆိုင်ရာ တရုတ်ကောလိပ် များ၊ စီးပွားရေးလုပ်ငန်းများ၊ ကုန်သွယ်ရေး အသင်းအဖွဲ့များ နှင့် အချို့သင်ကြားပို့ချပေးသော ဆရာ ဆရာမများ၊ မြန်မာနိုင်ငံ ပန်းမန်နှင့် သစ်သီးဝလံအသင်း အဖွဲ့ (MFVP)၊ မြန်မာနိုင်ငံငှက်ပျော အစုအဖွဲ့ (MBPFC) စသည့် သက်ဆိုင်ရာ လုပ်ငန်းအသင်း၏ တာဝန်ရှိသူများ၊ စီမန်ခန့်ခွဲသူများ နှင့် သင်တန်းသူ၊ သင်တန်းသား ၁၅၀ ကျော် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
အာကာလင်း