
ရန်ကုန် ဩဂုတ် ၁၁
တရုတ်-မြန်မာ နိုင်ငံတကာ လယ်ယာ ထွက်ကုန်များ အခြောက်ခံသည့် ကုန်ထုတ်လုပ် ရေးလိုင်း အဆင့်မြင့်နည်းပညာနှင့် လက်ရာလေ့ကျင့်ရေးသင်တန်းကို ယူနန်ပြည်နယ် ကူမင်းမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့၌ Online/ Offline ပုံစံဖြင့် ဩဂုတ် ပထမပတ်က တစ်ချိန်တည်း ဖွင့်လှစ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ တရုတ်နိုင်ငံမှ သက်ဆိုင်ရာ သင်တန်းကျောင်း၊ လုပ်ငန်း ကုမ္ပဏီ၊ လုပ်ငန်းအသင်းနှင့် သင်ကြားမည့် ဆရာ ဆရာမများ၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း(MFVP)၊ မြန်မာနိုင်ငံ ငှက်ပျောသီးအသင်း (MBPFC)နှင့် မှိုစိုက်ပျိုးရေးအသင်း စသည့် သက်ဆိုင်ရာလုပ်ငန်း အသင်းအဖွဲ့ များမှ တာဝန်ရှိသူများ၊ စီမံ အုပ်ချုပ်သူနှင့် သင်တန်းသား သင်တန်းသူများ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့သည်။
ယခုအကြိမ် လေ့ကျင့်ရေးတွင် မြန်မာနိုင်ငံ စိုက်ပျိုးရေးကုန်ထုတ် လုပ်မှု လက်တွေ့လိုအပ်ချက်အရ ခေတ်မီ အချောသတ်နည်းပညာ သဘောတရားနှင့် လက်မှုပညာ၊ အမြဲသုံးအချောကိုင်သည့် စက် ပစ္စည်း၊ အယူအဆ သင်ခန်းစာ နှင့် လက်တွေ့လုပ်ဆောင်ခြင်း သင်ခန်းစာများ ထည့်သွင်းရေးဆွဲ ထားမှုများ ပါဝင်သည်။
ယခုအကြိမ် လေ့ကျင့်ရေးမှ တစ်ဆင့် တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံကြား စက်ပစ္စည်းထုတ်လုပ်မှု၊ လယ်ယာထွက်ကုန် ကဏ္ဍများ တွင် ကူးလူးဖလှယ်မှုကို မြှင့်တင် နိုင်ပြီး သိပ္ပံနည်းပညာအင်အားဖြင့် တရုတ်-မြန်မာ ပြည်သူများကို အကျိုးပြုကာ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက် စိုက်ပျိုးရေးပူးပေါင်း ဆောင်ရွက်မှုနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြှင့်တင် နိုင်မည်ဖြစ်ကြောင်း တရုတ်သံရုံး က သတင်းထုတ်ပြန်ထား သည်။
သီရိ