လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ်(၃/၂၀၂၂-၂၃)ဖွင့်

 

ပဲခူး  ဇန်နဝါရီ   ၁၁


လယ်ယာသုံး      စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု  (အထူး)   တောင်သူသင်တန်း    အမှတ်စဉ် (၃/၂၀၂၂-၂၀၂၃)    ဖွင့်ပွဲအခမ်း အနားကို ပဲခူးမြို့နယ် ဘုရားကြီး မြို့ စက်မှုလယ်ယာ   သင်တန်း ကျောင်း သင်တန်းခန်းမ၌  ဇန်န ဝါရီ  ၁၀ ရက်    မွန်းလွဲပိုင်းက     ကျင်းပသည်။

 


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်     ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး  ဆောင်ရွက် ရာတွင်   လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်း ရေးသည်  မဖြစ်မနေဆောင်ရွက် ရမည့်       လုပ်ငန်းစဉ်တစ်ခုဖြစ် ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး အကောင် အထည်ဖော်   ဆောင်ရွက်ရာတွင်   ဌာနဆိုင်ရာများ၏    အင်အား တစ်ခုတည်းနှင့်       ဆောင်ရွက် ၍  မရဘဲ  လယ်ယာလုပ်ငန်းခွင် တွင်      လက်တွေ့လုပ်ကိုင်နေ သည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှသာ    အောင်မြင် မည်ဖြစ်ကြောင်း၊   မိမိတို့   တိုင်း ဒေသကြီး   အစိုးရအဖွဲ့အနေဖြင့် စက်မှုလယ်ယာ စနစ်ကျလယ်ယာ မြေများ ဖော်ထုတ်ပေးလျက်ရှိပြီး စနစ်ကျလယ်ယာမြေ ဖော်ထုတ် ရန်ဆန္ဒရှိသည့် ကျေးရွာများရှိပါက သက်ဆိုင်ရာ   မြို့နယ်ထွန်စက် စခန်းများနှင့်      ချိတ်ဆက် ဆောင်ရွက်နိုင်သည်ကို သတင်း စကားပေးလိုကြောင်း၊  တောင်သူ အကျိုးပြု     လယ်ယာသုံးစက် ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းမှ   ရရှိလာသည့်  အသိ ပညာ၊ အတတ်ပညာများကို မိမိ တို့ ရပ်ရွာများတွင် ပြန်လည်အသုံးချ ပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး ကြိုးစားဆောင်ရွက်ကြစေ   လိုကြောင်း ပြောကြားသည်။

 


ထို့နောက်         ဘုရားကြီး မြို့     စက်မှုလယ်ယာသင်တန်း ကျောင်း၊ ကျောင်းအုပ်ကြီး ဦးသန်း ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းဖွင့်လှစ် ပြီးစီးခဲ့မှု      အခြေအနေများကို ရှင်းလင်းတင်ပြရာ    တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က လိုအပ်သည် များ မှာကြားခဲ့သည်။

 


အဆိုပါ   လယ်ယာသုံးစက် ကိရိယာ   မောင်းနှင်ထိန်းသိမ်းမှု (အထူး)    တောင်သူသင်တန်း အမှတ်စဉ် (၃/ ၂၀၂၂-၂၀၂၃)ကို ဇန်နဝါရီ ၁၀ ရက်မှ မတ် ၃ ရက် အထိ    ဖွင့်လှစ်မည်ဖြစ်ပြီး   ပဲခူး တိုင်းဒေသကြီးမှ  ၁၆ ဦး၊ ရန်ကုန် တိုင်းဒေသကြီးမှ သုံးဦး၊ ဧရာဝတီ တိုင်းဒေသကြီးမှ   သုံးဦး၊   ရခိုင် ပြည်နယ်မှ   ၃၁  ဦးနှင့်   ကရင် ပြည်နယ်မှ   လေးဦး  စုစုပေါင်း သင်တန်းသား     ၅၇  ဦးတို့ကို စာတွေ့၊  လက်တွေ့    သင်ကြား ပို့ချပေးသွားမည်   ဖြစ်ကြောင်း သိရသည်။            

 တင်စိုး(ပဲခူး)