လယ်ယာသားငါးထုတ်ကုန်တိုးမြှင့်ရေးပြပွဲ၊ ဆွေးနွေးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲကျင်းပ

 

စစ်ကိုင်း   မေ   ၁၁


စစ်ကိုင်းတိုင်းဒေသကြီး  လယ်ယာသားငါးထုတ်ကုန်တိုးမြှင့်ရေးပြပွဲ၊  ဆွေးနွေးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲကို မေ ၁၀ ရက်က တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌   ကျင်းပရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဒေသခံတောင်သူများ တက်ရောက်ပြီး ခန္တီးခရိုင်၊ ရွှေဘိုခရိုင်၊ တမူးခရိုင်၊ ကန့်ဘလူခရိုင်တို့မှ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များက  Video Confer-encing စနစ်ဖြင့်  တက်ရောက်သည်။

 


ပြပွဲတွင် လယ်ယာသားငါး ထုတ်ကုန်တိုးမြှင့်ရေး အတွက် ကဏ္ဍအလိုက်ဆောင်ရွက်နေမှုအခြေအနေ များကို  ဇယားကားချပ်များ၊ ထုတ်ကုန်ပစ္စည်းများဖြင့် ခင်းကျင်းပြသထားမှုနှင့် လက်တွေ့ဆောင်ရွက်နေမှု များကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး (ယာပုံ) တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတိုင်းဒေသ ကြီး၏ ဒေသတွင်းဆန်ဖူလုံမှုမှာ ၂၁၀ ဒသမ ၄၃ ရာခိုင် နှုန်း၊ စားသုံးဆီဖူလုံမှုမှာ ၅၀၂ ဒသမ ၈၄ ရာခိုင်နှုန်းနှင့် ပဲမျိုးစုံဖူလုံမှုမှာ ၉၆၃ ဒသမ ၂၉ ရာခိုင်နှုန်းရှိကာ တိုင်းဒေသကြီးစီးပွားရေး၏  ၃၀  ရာခိုင်နှုန်းကျော် သည် စိုက်ပျိုးရေးအပေါ်  မှီခိုနေကြောင်း၊   လယ်ယာ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး တွင် စုစုပေါင်းမြေဧရိယာဧက ၂၃၁ သိန်းကျော်ရှိသည့် အနက် အသားတင်စိုက်ပျိုးမြေ ဧက ၄၅ ဒသမ ၆ သိန်းကျော်ရှိပြီး သီးထပ်၊ သီးညှပ်ဧကသိန်း ၉၀ ခန့် စိုက်ပျိုးလျက်ရှိကြောင်း၊  ၂၀၂၂-၂၀၂၃  ခုနှစ်တွင် တိုင်းဒေသကြီး၏  (GDP) တိုးတက်မှုသည်  ၄ ဒသမ ၂ ရာခိုင်နှုန်းဖြစ်သည့်အတွက်  ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရေးကဏ္ဍတွင် ၁ ဒသမ  ၉  ရာခိုင်နှုန်းနှင့် သားငါးကဏ္ဍတွင် ၁ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုထုတ်လုပ် ရန်လိုအပ်ကြောင်း ပြောကြားသည်။ 

 


တိုင်းဒေသကြီး   အစိုးရအဖွဲ့အနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်မှုမရှိ စေဘဲ နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီသည့် ငါး၊ ပုစွန်မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေး နှင့် ရေထွက်ကုန်အခြေခံသည့် ကုန်ချောထုတ်လုပ် တင်ပို့မှု တိုးမြှင့်ရေးလိုအပ်ချက်များ ကူညီဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

 


ထို့နောက် တာဝန်ရှိသူများက တိုင်းဒေသကြီး အတွင်း   လယ်ယာသားငါးထုတ်ကုန်   တိုးမြှင့်ရေး အတွက် စိုက်ပျိုးရေးကဏ္ဍ ဆောင်ရွက်ထားရှိမှုများ၊ လယ်ယာကဏ္ဍ ရည်မှန်းအထွက်နှုန်းများ၊ တိုင်းဒေသ ကြီး၏ စီးပွားရေးကဏ္ဍတွင် လယ်ယာကဏ္ဍ  GDP ပါဝင်မှုများ၊ မွေးမြူရေးကဏ္ဍဆိုင်ရာများ၊ ရေပေးဝေ နိုင်မည့် အစီအစဉ်များနှင့်ဆိုလာစနစ်ဖြင့် ရေတင်နိုင် မည့်အစီအစဉ်များ၊ လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် လယ်ယာထွက်ကုန်များ ဈေးကွက်ရရှိရေး ဆောင်ရွက် ထားမှုအခြေအနေများကို ဆွေးနွေးကြသည်။ 

 


ထို့နောက်    တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  တိုင်းဒေသကြီးအတွင်း   ခရိုင် ခုနစ်ခုရှိ မြို့နယ်များမှ ဒေသခံတောင်သူများအတွက် နေကြာမျိုးစေ့ တင်း ၁၀၀၊ ပိုက်ဆံလျှော် မျိုးစေ့တင်း ၂၀၀၊ စပါးခွံပေါင်းခံရေး ကိရိယာ သုံးခုနှင့် စပါးခွံ ပေါင်းခံရည်များကို   အခမဲ့   ထောက်ပံ့ပေးအပ် ခဲ့သည်။                      

 

တိုင်းဒေသကြီး (ပြန်/ဆက်)