
မြစ်ကြီးနား အောက်တိုဘာ ၃
ကချင်ပြည်နယ် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၂၃) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောက် တိုဘာ ၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပရာ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာ စကား ပြောကြားသည်။
အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်က လယ်ယာမြေ အသုံးချမှုများနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆွေးနွေးဆုံးဖြတ် သွားရန်လိုကြောင်း၊ လယ်ယာမြေ များပေါ်တွင် အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကျူးကျော် နေထိုင်ခြင်းများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စိစစ် ဆောင်ရွက်သွားရမည် ဖြစ် ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံ သည့် ပြည်နယ်တစ်ခုဖြစ်သည့် အတွက်ရှိပြီးသား လယ်မြေများ ကို တခြားနည်းအသုံးချမှုမရှိစေ ရေး အလေးထားလိုက်နာ ဆောင် ရွက်သွားရမည် ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး ကျော်သူရက လယ်ယာမြေ များနှင့်စပ်လျဉ်း၍ ဆောင်ရွက် သွားရမည့် လုပ်ငန်းဆိုင်ရာများ ကို ရှင်းလင်းတင်ပြပြီး လယ်ယာ မြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေး မှူး၊ ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးသန်းမြင့်က ပြည်နယ်အစိုးရအဖွဲ့သို့တင်ပြရန် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှ ဆုံးဖြတ်ချက် ချမှတ်ပေးရ မည့် လယ်ယာမြေကို အခြားအသုံး ပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများ၊ ၂/၂၀၂၃ အစည်းအဝေးမှ တင်ပြချက်အရ ပြန်လည်ဆွေးနွေး ဆုံးဖြတ်ရန် အတည်ပြုခဲ့သည့် လယ်ယာမြေ ဥပဒေပုဒ်မ (၃၀-ခ) အရ လျှောက် ထားလာသည့် လုပ်ငန်းစာတွဲများ ကို စိစစ်တင်ပြမှုများ၊ ခွင့်ပြုချက် မရရှိမီ ကြိုတင်အသုံးပြုသဖြင့် လယ်ယာမြေဥပဒေပုဒ်မ (၁၉)အရ ဒဏ်ကြေးပေးဆောင်ရန် အဆိုပြု တင်ပြသည့် လုပ်ငန်းစာတွဲများ နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများနှင့်စပ်လျဉ်း၍ တင်ပြ လာမှုများကို အဖွဲ့ဝင်များက သုံး သပ် ဆွေးနွေးတင်ပြကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ် အရေးယူ ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို အဖွဲ့ဝင်များ နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးသည်။
ပြည်နယ်(ပြန်/ဆက်)