
နေပြည်တော် မေ ၁၂
လယ်ယာမြေများကို အသုံးချမှု ဖွံ့ဖြိုးတိုးတက်စေရန် စနစ်တကျ စီမံခန့်ခွဲရေးနှင့် လယ်ယာကဏ္ဍ ဆိုင်ရာ အချက်အလက်စာရင်း ဇယားများ မှန်ကန်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေး၌ ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးက ဆွေးနွေး ပြောကြားရာတွင် မြေအသုံးချမှု ဆိုင်ရာ စာရင်းအချက်အလက် များနှင့် ခိုင်မာမှန်ကန်သည့် လယ်ယာကဏ္ဍဆိုင်ရာ စာရင်း အင်း သတင်းအချက်အလက် စနစ် ထူထောင်ရေးလုပ်ငန်း များ ထိရောက်အောင်မြင်ရေး အတွက် ယင်းလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြသူများ၏ စွမ်းဆောင်ရည် မြင့်မားရေးနှင့် လုပ်ကိုင် ဆောင်ရွက်နိုင်ရန် အခြေအနေကောင်းများ ဖန်တီး ပေးရန် လိုကြောင်း။
ဆွေးနွေးပြောကြား
အခြား တစ်ဖက်တွင်လည်း မြေယာများကို ထိထိရောက်ရောက် အသုံးချနိုင်ရန် တည်ဆဲဥပဒေ များနှင့်အညီ ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ခေတ်မီဒစ်ဂျစ်တယ် နည်းပညာကို စနစ်တကျ အသုံးပြုပြီး ပိုမိုတိကျမှန်ကန် သည့် မြေကြီးမြေပုံများဖြစ်စေရေးနှင့် သီးနှံထုတ်လုပ်မှု စာရင်းများ ဖြစ်စေရေး၊ လယ်ယာမြေ တိုင်းတာရေး၊ စီမံခန့်ခွဲမှုနှင့် စာရင်းအင်းစနစ်များ တိုးတက် ရေး ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက လယ်ယာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြေကြီးမြေပုံမှန်ကန် ရေး၊ စာရင်းဇယားများမှန်ကန်ရေး၊ မြန်မာနိုင်ငံ လယ်ယာကဏ္ဍမှ ထုတ်လုပ်မှုများကို စနစ်တကျ မှတ်တမ်းပြုစုရေး၊ မြေများကို စီမံခန့်ခွဲမှုသာမကဘဲ မြေအခွန် အခများရရှိရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီး ပြည်နယ်ဦးစီး ဌာနမှူးများက ဒေသအလိုက် စိုက်ပျိုးမြေအသုံးချနိုင်မှု အခြေ အနေများ၊ သီးနှံခန့်မှန်းခြေ (Crop Forecast) လုပ်ငန်းနှင့် သီးနှံ တိုင်းတာခြင်းလုပ်ငန်း (Crop Survey)ဆောင်ရွက်နေမှုဆိုင်ရာ များကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ကြိုးပမ်းဆောင်ရွက်
တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က နိုင်ငံတော်၏ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရေး၊ လယ်ယာမြေနှင့် သီးနှံစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ သတင်း အချက်အလက်နှင့် ကိန်းဂဏန်း များကို အသုံးချသူများထံသို့ အချိန်မီရောက်ရှိစေရေး၊ စီးပွားရေး တိုးတက်နှုန်း GDP မှန်ကန်စွာ တွက်ချက်နိုင်ရေးအတွက် အရေး ပါသည့် လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းကိန်းဂဏန်း အချက် အလက်များ တိကျမှန်ကန်စွာ ထုတ်ပြန်တင်ပြနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်