လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း ရေးဆွဲပြုစုရေး ပြည်ထောင်စုအဆင့်လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်  စက်တင်ဘာ  ၂၈
လယ်ယာမြေကို  အခြားနည်းသုံးစွဲ ထားမှုများ    ဖြေရှင်းဆောင်ရွက် မည့်  နည်းလမ်းနှင့်  နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက်  ဆောင် ရွက်မည့်  နည်းလမ်းများ လုပ်ထုံး လုပ်နည်း   စံနှုန်း    (Standard Operating Procedure  – SOP) ရေးဆွဲပြုစုရေး     ပြည်ထောင်စု အဆင့်       လုပ်ငန်းကော်မတီ၏ ဒုတိယအကြိမ်      လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က   စိုက်ပျိုးရေး၊   မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီးရုံး   အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်       ပြည် ထောင်စုအဆင့်  လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ   ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က          (Standard Operating Procedure  – SOP) လုပ်ထုံးလုပ်နည်းစံနှုန်း    ရေးဆွဲ ပြုစုရေးအတွက်   သတ်မှတ်အချိန် ကာလအတွင်း          ပြီးစီးရေး ဆက်လက်  ကြိုးပမ်းသွားကြရန် ဖြစ်ကြောင်း၊        နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ် လုပ်ငန်းကော်မတီများအနေဖြင့် ၂၀၁၂     ခုနှစ်    ဩဂုတ် ၃၁ ရက် မတိုင်မီ  ကာလနှင့်  ၂၀၁၂  ခုနှစ် စက်တင်ဘာ ၁ ရက်  နောက်ပိုင်း ကာလခွဲခြား၍         စာရင်းပြုစု ကောက်ယူဆောင်ရွက်ပြီး မြေပြင် အနေအထားပေါ်တွင်    မူတည်၍ ရေးဆွဲပြုစုထားသည့်   စံလုပ်ထုံး လုပ်နည်း (SOP) ကို ပြည်ထောင်စု အဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင် များအား     ဖြန့်ဝေပေးခဲ့ပြီးဖြစ် ကြောင်း၊ လုပ်ငန်းစတင်သည့်အခါ  သက်ဆိုင်ရာ    လုပ်ငန်းကော်မတီ များက လက်ရှိမြေပြင်တွင် ကာလ ခွဲခြားပြီး  စာရင်းကောက်ယူမှုများ ကို       မှန်ကန်မှုရှိစေရေးအတွက် စနစ်တကျခွဲခြား  ကောက်ယူရန် လိုအပ်မည်ဖြစ်ကြောင်း  ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍  ပြည်ထောင်စု အဆင့်  လုပ်ငန်းကော်မတီ တွဲဖက် အတွင်းရေးမှူးက   လယ်ယာမြေ ကို  အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်း နှင့် နောင်ထပ်မံမဖြစ်ပွားစေရေး အတွက် ဆောင်ရွက်မည့် နည်းလမ်း များ     လုပ်ထုံးလုပ်နည်း   စံနှုန်း (SOP)    မူကြမ်း  စုဆောင်းရရှိမှု နှင့်    ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို  ရှင်းလင်းတင်ပြ ရာ လုပ်ငန်းကော်မတီဝင်များက SOP  တွင်  ပါသင့်  ပါထိုက်သည့် အချက်များ    ထည့်သွင်းပြဋ္ဌာန်း သတ်မှတ်နိုင်ရေး         ဝိုင်းဝန်း ဆွေးနွေးအကြံပြုခဲ့ကြသည်။
(SOP)       မူကြမ်းများကို သက်ဆိုင်ရာ   လုပ်ငန်းကော်မတီ များက   စိစစ်၍    ၂၀၁၂    ခုနှစ် လယ်ယာမြေဥပဒေ   မပြဋ္ဌာန်းမီ ကာလ  ကျူးလွန်မှု၊  ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ  အာဏာတည် ပြီးနောက်ပိုင်းကမာလ ကျူးလွန် မှု၊  နောက်နောင်ထပ်မံမဖြစ်ပွား စေရေးဟူ၍ အပိုင်း  (၃)  ပိုင်းဖြင့်  စိစစ်ပြီး         တည်ဆဲဥပဒေများ နည်းဥပဒေများနှင့်အညီ တိုးပွား လာသောလူဦးရေအတွက် နေထိုင် နိုင်ရန်   မြေနေရာလုံလောက်ရေး နှင့် စိုက်ပျိုးမြေများ မလျော့ပါးစေ ရေး၊  ဥပဒေမဲ့ ကျူးလွန်အသုံးပြု ခြင်းနှင့်    ကျူးကျော်လုပ်ကိုင်ခြင်း တို့ကို          ခွဲခြားဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်