
နေပြည်တော် စက်တင်ဘာ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး အား ဂျပန်နိုင်ငံ ဂျပန်- မြန်မာအသင်းဥက္ကဋ္ဌ H.E. WATANABE Hideo နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ခင်မင်ရင်းနှီးစွာ ဆွေးနွေး
တွေ့ဆုံစဉ် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် မြန်မာ- ဂျပန်ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် အရည်အသွေးမြင့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ထုတ်လုပ်ရေးနှင့် ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်