လယ်ယာကဏ္ဍဆိုင်ရာ သုတေသနနှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အိန္ဒိယ-မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ ၂၄


အိန္ဒိယနိုင်ငံ   နယူးဒေလီမြို့၌ ရောက်ရှိနေသော    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်         ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး     ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး  ဦးမိုးကျော်အောင် နှင့်အတူ စက်တင်ဘာ  ၂၀   ရက် တွင် အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်ပိုင် မျိုးစေ့ကော်ပိုရေးရှင်း National Seed Corporation (NSC) နှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့်  ICAR-Indian   Agricultural Research  Institute   သို့သွား ရောက်၍  သုတေသနစိုက်ကွင်း များအား လေ့လာကြပြီး   မြန်မာ နိုင်ငံနှင့်  သင့်လျော်သော  သက် တမ်းအလိုက် သီးပွင့်၍ သက်တမ်း တိုသော ပဲစင်းငုံမျိုးများနှင့် ရောဂါ ဒဏ်ခံနိုင်ပြီး  အထွက်နှုန်းမြင့်မား သော   ပဲတီစိမ်းမျိုးများ၊   အလုံး အရွယ်ကြီး၍  အဖြူရောင်ရှိသော ကုလားပဲမျိုးများ ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့သည်။ 

 


ယင်းနောက်  Dr.  Swami Nathan စာကြည့်တိုက်တွင် ICAR မှ Dr. A. K. Singh နှင့် ပညာရှင် များက  ICAR  နှင့်   NSC  တို့၏  လုပ်ငန်းဆက်စပ်  ဆောင်ရွက်မှု များနှင့်ဖွဲ့စည်းပုံ၊  လုပ်ငန်းတာဝန် များကိုလည်းကောင်း၊  မြန်မာနိုင်ငံ နှင့်        ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံ၏       နိုင်ငံတော်ပိုင် မျိုးစေ့ကော်ပိုရေးရှင်း  National Seed Corporation နှင့် ပုဂ္ဂလိက အဖွဲ့အစည်း၊           တောင်သူအဖွဲ့ အစည်းများ   ပူးပေါင်း၍   မျိုးစေ့ ထုတ်လုပ်မှုကို နိုင်ငံပိုင်စီးပွားရေးကော်ပိုရေးရှင်းအဖြစ်       ဖွဲ့စည်း ဆောင်ရွက်ထားရှိမှုများကို လည်း ကောင်း ရှင်းလင်းတင်ပြသည်။

 


နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်


ထို့နောက်   မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ    ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ        နေပြည်တော် ရေဆင်းရှိ Advanced Centre for Agricultural Research and Education   (ACARE)  တွင် စွမ်းဆောင်ရည်      မြင့်မားသော လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် လယ်ယာထွက်ကုန်များ  တိုးမြှင့် ထုတ်လုပ်နိုင်ရေးနည်းပညာများ၊ ရိတ်သိမ်းချိန်လွန်  နည်းပညာနှင့် တန်ဖိုးမြင့်ကုန်ပစ္စည်း  ထုတ်လုပ် နိုင်ရေး နည်းပညာများ ရရှိအသုံး ပြုနိုင်ရန်          ဆောင်ရွက်ပေးနေမှု များကို  ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားသည်။

 


ကြည့်ရှုလေ့လာ 


ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီး ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်  မတ်ပဲ၊ ပဲစင်းငုံနှင့်  ပဲမျိုးစုံအခြေခံသည့် တန်ဖိုးမြှင့်  စားသောက်ကုန်များထုတ်လုပ်လျက်ရှိသည့်     နယူး ဒေလီမြို့ရှိ   BIKANO   ကုမ္ပဏီ၏ အရောင်းမြှင့်တင်ရေး  စင်တာသို့ သွားရောက်၍ပဲမျိုးစုံဖြင့် ထုတ်လုပ် ထားသော မုန့်ပဲသရေစာများ၊ အသင့်စားဟင်းလျာများ ရောင်းချ နေမှုကို ကြည့်ရှုလေ့လာကြသည်။

 


စက်တင်ဘာ  ၂၁  ရက်တွင် ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင် သော   မြန်မာကိုယ်စားလှယ်အဖွဲ့ သည်  မွမ်ဘိုင်းမြို့  Sofitel  Hotel တွင်  အိန္ဒိယနိုင်ငံ  ပဲမျိုးစုံအသင်း India   Pulses   and   Grains Association (IPGA) ၊ Overseas Agro   Traders   Association (OATA) နှင့်    မြန်မာနိုင်ငံ   ပဲ၊ ပြောင်းနှင့်         နှမ်းအသင်းတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ပွဲသို့  တက်ရောက်ကြပြီး  (IPGA) ဥက္ကဋ္ဌ  Mr.Bimbal  Kothari ၊ (OATA)   ဥက္ကဋ္ဌ   Mr. Shyam Narsaria နှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး  ဦးမိုး ကျော်အောင်တို့က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပဲမျိုးစုံ ကူးသန်း ရောင်းဝယ်မှု           အခြေအနေနှင့် အိန္ဒိယနိုင်ငံ၏       ပဲလိုအပ်ချက်၊ ပဲမျိုးစုံတိုးချဲ့စိုက်ပျိုးရန်    အခြေ အနေများ၊ ပြောင်း၊   နှမ်းနှင့်  ဆီ ထွက်သီးနှံများ ကုန်သွယ်မှုအခြေ အနေများကို       ဆွေးနွေးကြရာ တက်ရောက်        လာသူများက ပေါင်းစပ်ဆွေးနွေးကြသည်။

 


လက်မှတ်ရေးထိုးထား


ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံရှိ  ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ် သူများနှင့်  စားသုံးသူများအတွက် ဈေးနှုန်းတည်ငြိမ်မှု           ရှိစေရေး အတွက် အိန္ဒိယနိုင်ငံ၏ စားသုံးသူ ရေးရာ၊ အစားအစာနှင့် ဖြန့်ချိရေး ဝန်ကြီးဌာနနှင့်        မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတို့အကြား မတ်ပဲ နှင့် ပဲစင်းငုံသီးနှံ တင်ပို့မှုဆိုင်ရာ ကိုဒါသဘောတူစာချုပ်ကို  ၂၀၂၆ ခုနှစ်အထိ  လက်မှတ်ရေးထိုးထား ပါကြောင်း၊ ထို့အပြင်  ပဲတီစိမ်း သီးနှံကိုလည်း ထည့်သွင်းရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ် ပဲထုတ်လုပ်တင်ပို့မှု အနေဖြင့် ယခုတင်ပို့လျက်ရှိသော ပဲမျိုးများအပြင်  ပဲနီလေး၊  ပဲဝါ လေး၊ ပဲရာဇာ၊ မြေထောက်ပဲများ ကိုလည်း      တိုးမြှင့်ထုတ်လုပ် တင်ပို့သွားရန်  လိုအပ်ပါကြောင်း။

 


လက်ရှိ           အခြေအနေတွင် သွင်းအားစု   ဓာတ်မြေဩဇာနှင့် စက်သုံးဆီများ ဈေးနှုန်းကြီးမြင့်မှု ကြောင့်၊            ထုတ်လုပ်မှုစရိတ် မြင့်တက်နေသည့်အပြင်  သယ်ယူ ပို့ဆောင်မှုစရိတ်          မြင့်တက်မှု ကြောင့်           သီးနှံဈေးနှုန်းများ မြင့်တက်နိုင်ပါကြောင်း၊ သို့ဖြစ်၍ သယ်ယူပို့ဆောင်မှုကုန်ကျစရိတ် လျှော့ချနိုင်ရန်  မြန်မာနှင့် အိန္ဒိယ နိုင်ငံကြား Coastal Liner ကမ်းရိုးတန်းရေကြောင်းပို့ဆောင်ရေးစနစ်ဖြင့်  တိုက်ရိုက်တင်ပို့နိုင်ပါက စားသုံးသူများအတွက်  ဈေးနှုန်း သက်သာစေနိုင်ကြောင်း၊ အဆိုပါ လုပ်ငန်းများတွင်   အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ      အနေဖြင့် မြန်မာနိုင်ငံတွင်  လာရောက်ရင်းနှီးမြှုပ်နှံကြစေလိုကြောင်း၊  ထုတ် လုပ်မှုဆိုင်ရာ  လုပ်ငန်းများတွင် သာမက သယ်ယူရေးပို့ဆောင်ရေး တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ တွင်လည်း ရင်းနှီးမြှုပ်နှံကြစေလို ကြောင်း ဆွေးနွေးပြောကြားသည်။

 


ထို့နောက်       ပြည်ထောင်စု ဝန်ကြီး  ဦးတင်ထွဋ်ဦး၊  (IPGA) ဥက္ကဋ္ဌ  Mr.Bimbal Kothari ၊ (OATA)   ဥက္ကဋ္ဌ   Mr.Shyam Narsaria  တို့သည်   India CBS ရုပ်သံဌာန၏  တွေ့ဆုံမေးမြန်းမှုကို ဖြေကြားကြသည်။

 


အကျယ်တဝင့် ဆွေးနွေး


မြန်မာကိုယ်စားလှယ်   အဖွဲ့ သည်         အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ     သံအမတ်ကြီးနှင့် အတူ မွမ်ဘိုင်းမြို့ JW Marriot Hotel တွင် Mahyco မျိုးစေ့ထုတ် ကုမ္ပဏီ၊  Safal   ကုမ္ပဏီနှင့် Metahelix ကုမ္ပဏီ တို့မှ တာဝန်ရှိ သူများနှင့်တွေ့ဆုံ၍   ဝါသီးနှံနှင့် ဆီထွက် နေကြာသီးနှံမျိုးစေ့များ မြန်မာနိုင်ငံသို့          တင်သွင်း ရောင်းချနိုင်ရေး၊ စမ်းသပ်သုတေသနလုပ်ငန်းများဆောင်ရွက်ရေး၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ၏ မျိုးစေ့ ထုတ်ကုမ္ပဏီများ   ညှိနှိုင်းပေါင်းစပ် လုပ်ကိုင်နိုင်ရေး  ဆိုင်ရာများကို လည်းကောင်း၊  DVC  ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်   တွေ့ဆုံ၍ မြန်မာနိုင်ငံ၏    ဆီသန့်စက်ရုံ တည်ဆောက်ရေး  လုပ်ငန်းများ တွင်  လာရောက်ရင်းနှီးမြှုပ်နှံနိုင် ရေးဆိုင်ရာကိစ္စရပ်များကို အကျယ် တဝင့်     ဆွေးနွေးခဲ့ကြသည်။

 


စိုက်ပျိုးရေး၊     မွေးမြူရေး နှင့်      ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးတင် ထွဋ်ဦး ခေါင်းဆောင်သည့် မြန်မာ ကိုယ်စားလှယ်        အဖွဲ့သည် စက်တင်ဘာ ၂၂ ရက် ညနေပိုင်း တွင် ရန်ကုန်မြို့သို့  ပြန်လည် ရောက်ရှိကြကြောင်း သိရသည်။

သတင်းစဉ်