
တောင်ကြီး ဖေဖော်ဝါရီ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက ကြီးမှူးကာ လယ်ယာကဏ္ဍ စာရင်းအင်း ပြည့်ဝမှန်ကန်ရေးနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်း များ မှတ်ပုံတင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ ရှမ်းပြည် တောင်ကြီးမြို့ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ဌာနအနေဖြင့် မြေသယံဇာတဖော်ထုတ်ရေး၊ မြေယာစီမံခန့်ခွဲရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စာရင်းအင်းပြုစုထုတ်ပြန်ရေးလုပ်ငန်း များကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် မြေအသုံးချမှုဆိုင်ရာ စာရင်းများ ကောက်ယူပြုစုရာတွင် လက်စွဲဥပဒေ ပြဋ္ဌာန်းချက်များ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များအပေါ် အခြေခံဆောင်ရွက်နိုင်ရန်နှင့် လယ်ယာမြေဥပဒေ၊ နည်း ဥပဒေ၊ ညွှန်ကြားချက်များ တည်ဆဲဥပဒေအပါအဝင် ပြဋ္ဌာန်းချက်များ နှင့်အညီ စာချုပ်စာတမ်းများမှတ်ပုံတင်ပေးရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ့အလင်း