
လယ်ဝေး ဇူလိုင် ၃၀
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်သည် ယနေ့ နံနက် က လယ်ဝေးမြို့နယ်ဦးစီးမှူးရုံး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနတွင် e-ID စနစ်ဖြင့် နိုင်-၄ နှင့်ချိတ်ဆက်၍ ပုံစံ (၆၆/၆) အိမ်ထောင်စုလူဦးရေစာရင်းများ ရေးသွင်းနေမှုအား လာရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က မဲစာရင်းများ မှန်ကန်စေ ရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်-၄ နှင့် ပုံစံ(၆၆/၆) အိမ်ထောင်စုဇယားများအား ရေးသွင်းပြုစုရာတွင် မှန်ကန်မြန်ဆန်စေရေး အလေးထားဆောင်ရွက်ရန်၊ အင်တာနက်လိုင်း နှင့် လျှပ်စစ်မီးများ ပြတ်တောက်မှုမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက် ရန် စသည်တို့ကိုမှာကြားသည်။
ဆက်လက်၍ လယ်ဝေးခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သက်၊ မြို့နယ် ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မိမိတို့တာဝန်ကျဒေသ များအလိုက် ခွဲဝေဆောင်ရွက်နေမှုများနှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)