
နေပြည်တော် မေ ၆
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် အောင်မြင် ကုန်းကျေးရွာရှိ လေဘေးသင့်ပြည်သူများ ထောက်ပံ့ရေး စခန်းသို့ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းနှင့် တာဝန်ရှိသူများက သွားရောက်၍ ကြည့်ရှုအားပေးပြီး အဆိုပါထောက်ပံ့ရေး စခန်းတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက် နေမှုနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အောင်မြင်ကုန်း ရွာဦးကျောင်းတိုက်၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ဆောက်လုပ်ပြီးစီးမှုနှင့် ဆောက်လုပ်ပေးနေမှု၊ ကျေးရွာ အတွင်း လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိအောင် ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လေဘေးသင့်ပြည်သူ များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။
သတင်းစဉ်