လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်သျှူးငှက်ပျော၊ ပဲတီစိမ်း၊ နှမ်းအမျိုးမျိုးနှင့် မြေပဲများ အများဆုံးတင်ပို့ခဲ့

 

နေပြည်တော်   ဇူလိုင်   ၂၁


ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက် တည်     နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများ ရှိခဲ့ ရာ ဇူလိုင်  ၉  ရက်မှ ၁၅ ရက်များအတွင်း တင်ပို့ခဲ့သည့်   ကုန်ပစ္စည်းများမှာ    တစ်သျှူး ငှက်ပျော၊ ပဲတီစိမ်း၊ နှမ်းနက်၊ ဆန်ကွဲ၊ နှမ်း၊ ဆန်၊ မြေထောက်ပဲ၊ ထောပတ်ပဲနှင့် ပဲယင်း များ တင်ပို့ခဲ့ကြောင်း မနောမြေကုန်သွယ်မှု ဗဟိုဌာနမှ သိရှိရသည်။

 


လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့  တင်ပို့ကုန်၏ ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၁၆၅၂၇၇၀ ဒသမ ၂၈ ဖြစ်ပြီး ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေး စခန်းမှ    တရုတ်နိုင်ငံသို့    တင်ပို့ကုန်၏ ငွေပမာဏမှာ ၈၅၁၃၅ ဒသမ ၁၄ ဒေါ်လာ ဖြစ်၍   တင်ပို့ကုန်၏   ငွေပမာဏ   စုစုပေါင်း တန်ဖိုးမှာ ၁၇၃၇၉၀၅ ဒသမ ၄၂ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ကြောင်း သိရသည်။

 


သွင်းကုန်ပစ္စည်းများမှာ   သံနှင့်  သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ ချည်ထည်များ၊ မီးဖို ချောင်သုံးပစ္စည်းများ၊ လယ်ထွန်စက်များ၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ ဓာတုဗေဒ ချည်ခင်များ၊    သုတ်ဆေး/   ပေါလစ်များ၊ ဓာတ်မြေဩဇာများ၊ စက်နှင့် စက်ပစ္စည်းများ၊ မော်တော်ယာဉ်နှင့်   မော်တော်ယာဉ်ပစ္စည်း များကို အများဆုံးတင်သွင်းထားသည်။

 


ကန်ပိုက်တည်    နယ်စပ်ကုန်သွယ်ရေး စခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ   အမေရိကန်ဒေါ်လာ  ၆၅၀၂၀ တင်သွင်းမှုရှိခဲ့ပြီး    လွယ်ဂျယ်နယ်စပ်ကုန် သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင် သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၄၀ ၉၀၈၇  ဒသမ  ၅  ဖြစ်၍  တင်သွင်းကုန်၏ စုစုပေါင်း ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၄၇၄၁၀၇ ဒသမ ၅ တင်သွင်းမှုရှိသည်။  

ကိုရိုး