
နေပြည်တော် ဇွန် ၂၃
“ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ ရာသီဥတုမျှတမှု ရှိစေရေးနှင့် ရုံးပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေရေး ရည်ရွယ်လျက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီး ဌာန အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန e-ID Department အဆောက်အအုံသစ်ရှေ့၌ ကျင်းပ သည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်း ဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီး ဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။
အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် သတ်မှတ်နေရာ၌ ကံ့ကော်ပျိုးပင်ကို ဦးဆောင် စိုက်ပျိုးပေးပြီး(ယာပုံ) ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ကံ့ကော်၊ ခရေစသည့် ပျိုးပင်များကို စိုက်ပျိုးပေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဝန်ထမ်း များက သတ်မှတ်နေရာများတွင် နှစ်ရှည်ပင်နှင့် ပန်းအလှပင်များကို တပျော်တပါး စုပေါင်းစိုက်ပျိုး ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန e-ID Depart-ment အဆောက်အအုံသစ် ဘေးပတ်ဝန်းကျင်တွင် ကျွန်း၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ ပိတောက်၊ တမာ၊ ဗာဒံ စသည့် နှစ်ရှည်ပင် ၂၅၀ နှင့် စိန်တစ်လုံး သရက်ပျိုးပင် ၂၀၀ စုစုပေါင်း ပျိုးပင် ၄၅၀ ကို စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်