လူဦးရေတစ်သန်းခန့် ဓာတ်အားတိုးတက်သုံးစွဲစေနိုင်မည့် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း

Type
5

 

လင်းသစ်

ဒွါရာဝတီ ခေါ် သံတွဲမြို့ကို   ရခိုင်ရိုးမတောင်စွယ်   တောင်တန်းများက   ဝိုင်းပတ်ကာရံထားသည်။ မြို့ကိုဝန်းရံထားသည့် ရိုးမတောင်စွယ်တောင်တန်းများပေါ်မှ စီးဆင်းလာသော  ချောင်း  မြောင်းများ ကလည်း မြို့အနီးမှ  ဖြတ်သန်းစီးဆင်းလျက်ရှိသည်။ မြို့၏အရှေ့မြောက်ဘက်မှ စီးဆင်းနေသော သူဌေးချောင်းရေကို အသုံးပြု၍ ပြည်နယ်အတွက်   နိုင်ငံအတွက်   လိုအပ်သော   လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဖော်ဆောင်လျက်ရှိသည့် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဓာတ်အားပေး စက်ရုံမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား  ၃၈၆  ကီလိုဝပ် နာရီသန်းကို မဟာဓာတ်အားစနစ်ဖြင့် ချိတ်ဆက်၍ နိုင်ငံအတွင်း   ဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်သည်။ ထုတ်လုပ်ဖြန့်ဖြူးမည့်     လျှပ်စစ်ဓာတ်အားသည် နိုင်ငံအတွင်းရှိ လူဦးရေတစ်သန်းခန့်ကို  လျှပ်စစ် ဓာတ်အားတိုးတက်သုံးစွဲစေနိုင်မည် ဖြစ်သည်။ 
“ကျွန်တော်တို့ ဒေသဟာ ပင်လယ်နဲ့နီးတယ်။ တောတောင်တွေ ပေါတယ်။ မြစ်ချောင်းတွေရှိတယ်။ အခုတော့   သူဌေးချောင်းကနေ      ရေအားလျှပ်စစ် စီမံကိန်းဆောင်ရွက်နေတဲ့အတွက်          ဒီကနေ ဓာတ်အားတိုးတက်မှုရရှိမယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာလည်း မပျက်စီးစေချင်ဘူး။ ဒီအတွက်ကို လည်း သက်ဆိုင်ရာ ဌာနတွေက စီမံဆောင်ရွက်ပေး တဲ့အတွက်   ကျေးဇူးတင်ပါတယ်။  နိုင်ငံအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို ကိုယ့်ဒေသကနေ ရရှိမှာဖြစ်တဲ့အတွက်     ဒေသခံတစ်ဦးအနေနဲ့ ဝမ်းသာပါတယ်။ မြန်မြန်လည်း  ရချင်ပါတယ်”  ဟု သံတွဲမြို့နယ်     ပုရစ်ကျေးရွာတွင်     နေထိုင်သည့် ဦးအောင်ခင်သိန်းက ပြောသည်။
လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေ သော သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းသည် ရခိုင်ပြည်နယ် (တောင်ပိုင်း)  သံတွဲခရိုင်   သံတွဲမြို့၏ အရှေ့မြောက်ဘက်  ၁၂   မိုင်ခန့်အကွာ    သူဌေး ချောင်းပေါ်တွင်တည်ရှိပြီး        လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန   ရေအားလျှပ်စစ်    အကောင်အထည် ဖော်ရေးဦးစီးဌာနမှ           အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ 
သူဌေးချောင်းရေအား လျှပ်စစ်စီမံကိန်းကို  ၃၇ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်သုံးလုံးဖြင့် လည်ပတ် ကာ စုစုပေါင်းတပ်ဆင်စက်အင်အား   ၁၁၁  မဂ္ဂါဝပ် ရှိမည် ဖြစ်သည်။
“စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုက ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိဆိုရင်    စီမံကိန်းလုပ်ငန်း တစ်ခုလုံးရဲ့ ၇၇ ဒသမ ၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပါ တယ်။   ၂၀၂၅-၂၀၂၆     ဘဏ္ဍာနှစ်မှာ    စီမံကိန်း ရာခိုင်နှုန်းပြည့်   ပြီးစီးပြီးတော့  လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ဖို့ ကျွန်တာ်တို့ ဌာနအနေ နဲ့ ကြိုးပမ်းဖော်ဆောင်လျက်ရှိပါတယ်” ဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာန   ရေအားလျှပ်စစ်  အကောင် အထည်ဖော်ရေးဦးစီးဌာနမှ       ညွှန်ကြားရေးမှူး ဦးမြသူရက ပြောသည်။
ဂျပန်အင်ဂျင်နီယာများနှင့် ပူးပေါင်း
ရိုးမပေါ်မှ အစပြုပြီး ပင်လယ်ဝအထိ  မိုင် ၇၀ ခန့်ရှည်လျားစွာ စီးဆင်းနေသော သူဌေးချောင်းပေါ် တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက် နိုင်ရန်အတွက် ၂၀၀၃-၂၀၀၄ ခုနှစ်ခန့်က   ဂျပန်နိုင်ငံ အခြေစိုက် The Kansai အတိုင်ပင်ခံအင်ဂျင်နီယာအဖွဲ့နှင့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ     အင်ဂျင်နီယာများနှင့်ပူးပေါင်းကာ ကနဦးစူးစမ်းလေ့လာမှုများ   ပြုလုပ်ခဲ့ကြခြင်းဖြစ် သည်။
ထိုသို့ လေ့လာမှုပြုလုပ်ပြီး ဂျပန်နိုင်ငံအခြေစိုက် The Kansai   အတိုင်ပင်ခံ  အင်ဂျင်နီယာအဖွဲ့နှင့် ဌာနမှ အင်ဂျင်နီယာများသည် အသေးစိတ်ဒီဇိုင်း ပုံစံများရေးဆွဲခဲ့ကြကာ     အကြိုတည်ဆောက်မှု လုပ်ငန်းများကို     ၂၀၀၈-၂၀၀၉        ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြကြောင်း   ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ သိရသည်။ 
“စီမံကိန်းစတဲ့     အကြိုလုပ်ငန်းတွေမှာတော့ ဂျပန်ပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာတွေ ရှိပါတယ်။    ရေလွှဲဥမင်လိုဏ်နှင့်   စိမ့်ရေတားနံရံ ဒီဇိုင်းရေးဆွဲတာအထိ  ပူးပေါင်းလုပ်ခဲ့တယ်။  အခု ကတော့ နည်းပညာဆိုင်ရာ၊ ဒီဇိုင်းပိုင်းဆိုင်ရာရေးဆွဲတာနဲ့ တည်ဆောက်မှုလုပ်ငန်းတွေ အားလုံးကို နိုင်ငံ့ဝန်ထမ်း အင်ဂျင်နီယာတွေနဲ့သာ ဆောင်ရွက် နေပါတယ်” ဟု  သူဌေးရေအားလျှပ်စစ်  စီမံကိန်း တာဝန်ခံညွှန်ကြားရေးမှူး   ဦးအောင်နိုင်ထွန်းက ပြောသည်။
ဝန်ထမ်းများက အားစိုက်ဆောင်ရွက်
သူဌေးချောင်းပေါ်တွင် တမံတည်ဆောက်ခြင်း၊ ဝဲဘက်ကမ်း၊ ယာဘက်ကမ်းအသီးသီးတွင် ရေယူ အဆောက်အအုံ၊ ရေပိုလွှဲနှင့် ဓာတ်အားပေးစက်ရုံ စသည့်    စီမံကိန်းလုပ်ငန်းများကို     နှစ်အလိုက် လုပ်ငန်းလျာထားချက်နှင့်အညီပြီးစီးရန်  ရေအား လျှပ်စစ်အကောင်အထည်ဖော်ရေး      ဦးစီးဌာနမှ ဝန်ထမ်းများက နှစ်စဉ်ပွင့်လင်းရာသီ ခြောက်လခန့် အတွင်း အားစိုက်ဆောင်ရွက်ကြရကြောင်း သိရှိရ သည်။
“စီမံကိန်း         တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ရခိုင်ပြည်နယ်က  မိုးရွာ သွန်းမှုများတယ်။ ဒီတော့  ဒေသရာသီဥတုအခြေ အနေကိုလည်း ကြည့်ရတယ်။ ပြီးတော့ အောက်ခံ မြေကြီးကျောက်သားနဲ့ မြေမျက်နှာသွင်ပြင်အနေအထားကိုလည်းကြည့်ရတယ်။ တည်ဆောက်ရေး ပိုင်းမှာ နိုင်ငံ့ဘဏ္ဍာရန်ပုံငွေနဲ့   ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက်        သေသေချာချာစဉ်းစားပြီးမှ ပူးပေါင်းဆောင်ရွက်ပြီး  စိန်ခေါ်မှုတွေကို   ရင်ဆိုင် ကျော်လွှားသွားရတဲ့    လုပ်ငန်းအပိုင်းတွေ    ရှိပါ တယ်” ဟု သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း တာဝန်ခံညွှန်ကြားရေးမှူးက ပြောသည်။
ခေတ်မီနည်းပညာများဖြင့် တည်ဆောက်
သူဌေးချောင်း၏  မြစ်ပို့ချလွှာသည် ပေ ၁၅၀ ခန့်အထိ ထူထဲရာ  အောက်ခံကျောက်သားအမာ အထိ ဖယ်ရှား၍ တမံတည်ဆောက်ပါက ငွေကြေး နှင့် အချိန်များစွာ ကုန်ဆုံးနိုင်သည့််အတွက် ရေတား တမံ၏အောက်တွင် ခေတ်မီနည်းပညာဖြင့် စိမ့်ရေ တားနံရံကို    ပလတ်စတစ်ကွန်ကရစ်ဖြင့်    အနက် ၁၅၃ ပေ  အထိ  တည်ဆောက်ခဲ့ရကြောင်း   သိရ သည်။
စီမံကိန်းအကောင်အထည်ဖော် တည်ဆောက် ရာတွင် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းနှင့် ရေအား အဆောက်အအုံများ   တည်ဆောက်ခြင်းလုပ်ငန်း ဟူ၍      လုပ်ငန်းအပိုင်းနှစ်ပိုင်းရှိပြီး       စီမံကိန်း ချဉ်းကပ်လမ်းဖောက်လုပ်ခြင်း၊         စီမံကိန်းစခန်း တည်ဆောက်ခြင်း၊   ရေ၊   မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စူးစမ်းလေ့လာတိုင်းတာခြင်းများသည် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများတွင် ပါဝင်ကြောင်း၊ စိမ့်ရေတားနံရံ၊ ရေလွှဲဥမင်လိုဏ်၊ ရေယူအဆောက်အအုံ၊  ပင်မတမံ၊  ရေပိုလွှဲ၊ အကူ ရေပိုလွှဲ၊    ရေထိန်းတံခါးပြွန်၊   ဖိအားမြှင့်သံမဏိ ပိုက်လိုင်း၊ ဆွစ်ယာ့ဒ်နှင့် ဓာတ်အားပေးစက်ရုံ စသည် တို့သည် ရေအားအဆောက်အအုံများ တည်ဆောက် ခြင်းလုပ်ငန်းတွင် ပါဝင်ကြောင်း သိရသည်။
ရေအားလျှပ်စစ်    အကောင်အထည်ဖော်ရေး ဦးစီးဌာနသည် စိမ့်ရေတားနံရံ၊ ရေလွှဲဥမင်လိုဏ်နှင့် ရေယူအဆောက်အအုံလုပ်ငန်းများကို ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း  သိရသည်။  ယခုအခါ စီမံကိန်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်အရ ပင်မတမံ၊ ‌ရေပိုလွှဲ၊   ဓာတ်အားပေးစက်ရုံ၊    အကူရေပိုလွှဲနှင့် ရေလွှဲဥမင်လိုဏ်အထွက်မြောင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေးဦးစီးဌာန    နိုင်ငံ့ဝန်ထမ်း     အင်ဂျင်နီယာ ပညာရှင်များက ဆောင်ရွက်လျက်ရှိကြောင်း  သိရ သည်။
မူလထက် သာလွန်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်
ရေအားလျှပ်စစ်   အကောင်အထည်ဖော်ရေး ဦးစီးဌာနအနေဖြင့် စီမံကိန်းအကောင်အထည်ဖော် တည်ဆောက်ရာတွင်            ရေဝပ်ဧရိယာအတွင်း ကျရောက်သော ကျေးရွာများအတွက် လူမှုစီးပွား ဘဝအခြေအနေများ မူလထက် သာလွန်ကောင်းမွန် အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထိုသို့   ဆောင်ရွက်ရာတွင်    ရေဝပ်ဧရိယာအတွင်း ကျရောက်သည့်    ပုရစ်၊   မယ်ဝနှင့်   ရေကောက် ကျေးရွာသုံးရွာမှ စုစုပေါင်းအိမ်ထောင်စု ၅၀၀ ခန့်ကို ၎င်းတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ရွေးချယ်ထားသည့် နေရာသစ်သို့ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်သည်။ 
ထို့အတူ        ဘာသာရေးအဆောက်အအုံနှင့် လူမှုရေးအဆောက်အအုံများကိုလည်း  ရခိုင်ရိုးရာ ဒေသဓလေ့၊ ဘာသာရေးထုံးတမ်း၊ စံပြကျေးရွာ အင်္ဂါရပ်များ ပြည့်စုံစွာဖြင့် ကျေးရွာသူ ကျေးရွာသား များ၏  ဆန္ဒနှင့်အညီ   ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။ အလားတူပင် ဘုန်းတော်ကြီးကျောင်း၊ စေတီ၊ သိမ်၊ စာသင်ကျောင်း၊ ဒေသန္တရဆေးပေးခန်း၊ လူထုတွေ့ဆုံခန်းမ၊         ကျေးရွာစာကြည့်တိုက်၊  အုပ်ချုပ်ရေးမှူးရုံး    စသည်တို့ကို    မူလအခြေအနေ ထက်ပိုမိုသာလွန်ကောင်းမွန်အောင်       ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အစောဆုံးတည်ဆောက်ပြီးစီးမည့် စီမံကိန်းတစ်ခု
ရေအားလျှပ်စစ်     အကောင်အထည်ဖော်ရေး ဦးစီးဌာနသည်     ရေအားမှ      လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေးအတွက်           ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း၊ စီမံကိန်းအသစ်များ  စူးစမ်းလေ့လာ ခြင်း၊   အသေးစိတ်တိုင်းတာမှု   စိစစ်တင်ပြခြင်း၊ စီမံကိန်းအကောင်အထည်ဖော် တည်ဆောက်ခြင်း တို့ကို အဓိကတာဝန်ယူ  ဆောင်ရွက်လျက်ရှိပြီး တည်ဆောက်ဆဲ စီမံကိန်းများအနက် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည်          အစောဆုံး တည်ဆောက်ပြီးစီးမည့်            စီမံကိန်းတစ်ခုဖြစ် သည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒုဋ္ဌဝတီမြစ်ပေါ်ရှိ အထက်ရဲရွာစီမံကိန်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်တိန်ချောင်းပေါ်ရှိ အထက်ကျိုင်းတောင်းစီမံကိန်း၊  ရှမ်းပြည်နယ် (မြောက်ပိုင်း) ရွှေလီမြစ်ပေါ်ရှိ ရွှေလီ (၃) စီမံကိန်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ပေါင်းလောင်းမြစ်ပေါ်ရှိ အလယ်ပေါင်းလောင်းစီမံကိန်းတို့သည်လည်း      ဆောင်ရွက်ဆဲစီမံကိန်းများ ဖြစ်သည်။  
အချုပ်အားဖြင့်ဆိုလျှင်   သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဓာတ်အားပေးစက်ရုံမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ၃၈၆  ကီလိုဝပ် နာရီသန်း ကို မဟာဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ကာ  နိုင်ငံ အတွင်းရှိ        လူဦးရေတစ်သန်းခန့်ကို      လျှပ်စစ် ဓာတ်အား တိုးတက်သုံးစွဲစေနိုင်ကာ ပြည်သူများ သုံးစွဲရန်      လိုအပ်သည့်    လျှပ်စစ်ဓာတ်အားကို အထောက်အကူပြု ဖြည့်တင်းပေးနိုင်မည် ဖြစ်သည်။ သို့အတွက် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း ရာခိုင်နှုန်းပြည့် ပြီးစီးရန် ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေးဦးစီးဌာနအနေဖြင့်        ကြိုးပမ်း ဖြည့်ဆည်းလျက်ရှိပါကြောင်း  တင်ပြရေးသားလိုက် ရပါသည်။    ။