ရန်ကုန် မေ ၂၈
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိ ပညာပေး ရေဒီယိုဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တပ်ကုန်း(ရုံးချုပ်) Radio Dubbing Studio (1) ၌ ကျင်းပရာ အမှတ် (၁၁) အခြေခံ ပညာ အထက်တန်းကျောင်း ဇမ္ဗူသီရိ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း လယ်ဝေး၊ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း ဇေယျာသီရိ၊ ကျည်တောင်ကန် အခြေခံပညာ အထက်တန်းကျောင်း ပုဗ္ဗသီရိ၊ ရွှေနံ့သာ အခြေခံပညာအထက် တန်းကျောင်း(ခွဲ) ဥတ္တရသီရိတို့မှ ကျောင်းသူ ကျောင်းသား ငါးဦးတို့ ပါဝင်ယှဉ်ပြိုင်ကြသည်။
ယှဉ်ပြိုင်ဖြေဆို
အဆိုပါပြိုင်ပွဲတွင် အခြေခံ ပညာကျောင်းများမှ အလယ်တန်း နှင့် အထက်တန်းအဆင့် အသက် ၁၄ နှစ်မှ ၁၇ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူ ငါးဦးတို့ က Round တစ်ခုလျှင် လူဦးရေ နှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်း ကောက်ယူခြင်းဆိုင်ရာ ပညာရပ်ဆိုင်ရာမေးခွန်း နှစ်ခုနှင့် ရေဒီယိုမှ ထုတ်လွှင့်သည့် အစီ အစဉ်ပိုင်းဆိုင်ရာ မေးခွန်း နှစ်ခု စုစုပေါင်း မေးခွန်း လေးခုစီဖြင့် Round လေးခုတွင် ယှဉ်ပြိုင်ဖြေဆို ကြခြင်း ဖြစ်သည်။
ထိုသို့ယှဉ်ပြိုင်ကြရာ ရေဒီယို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ပထမဆု ကို ကျည်တောင်ကန် အခြေခံ ပညာအထက်တန်းကျောင်း ပုဗ္ဗ သီရိ Grade-11 မှ မဝင့်သန္တာ အောင်က လည်းကောင်း၊ ဒုတိယ ဆုကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဇေယျာ သီရိ Grade-9 မှ မကေသရီစိုးစံ က လည်းကောင်း၊ တတိယဆုကို အမှတ် (၁၁) အခြေခံပညာအထက် တန်းကျောင်း ဇမ္ဗူသီရိ Grade-11 မှ မောင်သူရိန်ကိုဦးက လည်း ကောင်း၊ အထူးဆု နှစ်ဆုကို အမှတ် (၁) အခြေခံပညာအထက် တန်းကျောင်း လယ်ဝေး Grade-8 မှ မပန်းပန်းမျိုးမြတ်မြင့်နှင့် ရွှေနံ့သာ အခြေခံပညာအထက် တန်းကျောင်း(ခွဲ) ဥတ္တရသီရိ Grade-7 မှ မောင်မင်းစစ်မှူး တို့ကလည်းကောင်း ရရှိကြပြီး ဆုရရှိကြသူများအား မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူ က ဆုများ ပေးအပ်ချီးမြှင့် သည်။
ထုတ်လွှင့်မည်
အဆိုပါ လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာ အသိ ပညာပေး ရေဒီယိုဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကျင်းပမှုကို မေ ၂၈ ရက်နှင့် မေ ၂၉ ရက် ည မြန်မာ့အသံရေဒီယိုမှ ပြည်တွင်း သတင်းများ ကြေညာအပြီးတွင် ထုတ်လွှင့်မည်ဖြစ်သည်။
အဆိုပါ ရေဒီယိုဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းကို အများပြည်သူစိတ်ဝင် စားမှုပိုမိုရရှိပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်စေရေး အသိ ပညာ မျှဝေလှုံ့ဆော်ခြင်းဖြင့် လူထုလှုပ်ရှားမှု ရယူအားဖြည့် ပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်သူ့ အင်အားဦးစီးဌာနက ပြန်ကြား ရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာနတို့နှင့် ပူးပေါင်း၍ ပြိုင်ပွဲ ငါးကြိမ် ကျင်းပမည်ဖြစ်ပြီး တစ်ကြိမ်စီမှ ပထမနှင့် ဒုတိယ ဆုရရှိသူ နှစ်ဦးစီဖြင့် စုစုပေါင်း ၁၀ ဦးကို ၂၀၂၄ ခုနှစ် ဩဂုတ် လ ဒုတိယပတ်အတွင်း ကျင်းပ မည့် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက် ယူခြင်းဆိုင်ရာ ရုပ်မြင်သံကြား ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲတွင် ဆက်လက် ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်