
ကျိုင်းတုံ နိုဝင်ဘာ ၇
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မြို့သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး Sinopharm အလုံးရေ ၁၄၉၀၀ နှင့် Sinovac အလုံးရေ ၃၀၀၈ လုံး တပ်မတော်လေယာဉ် ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင် ခဲ့ရာ နိုဝင်ဘာ ၇ ရက် နံနက် ၁၁ နာရီက ရောက်ရှိခဲ့ကြောင်း သိရသည်။
တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်လာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး၊ ဆေးထိုး အပ်များနှင့်အတူ RT-PCR Machine ဖြင့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးမှု လုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုရန် လိုအပ်သည့် ရေခဲသေတ္တာ နှစ်လုံး ကျိုင်းတုံမြို့သို့ ရောက်ရှိရာ ရှမ်း ပြည်နယ် (အရှေ့ပိုင်း) ဒုတိယ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာ ကျော်ကျော်လင်းနှင့် တာဝန်ရှိသူများက လက်ခံရယူ သည်။
အဆိုပါ ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစားသည် တစ်လုံးလျှင် လူဦးရေ ငါးဦး ထိုးနှံ နိုင်ပြီး Sinovac အမျိုးအစားသည် တစ်လုံးလျှင် လူဦးရေ နှစ်ဦး ထိုးနှံနိုင်၍ စုစုပေါင်း လူဦးရေ ၈၀၅၁၆ ဦးအား ထိုးနှံပေးနိုင်ရေး ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့နယ် များအလိုက် ကာကွယ်ဆေး ထိုးနှံ ပေးနိုင်ရေး ဆက်လက်ဖြန့်ဝေပေး မည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)