
ပဲခူး ဖေဖော်ဝါရီ ၂၂
ပဲခူးတိုင်းဒေသကြီး အနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေး သဘာဝအခြေခံခရီးသွား လုပ်ငန်းများ၊ ဒေသအခြေပြု ခရီးသွားလုပ်ငန်းနှင့် လူထု အခြေပြုခရီးသွား လုပ်ငန်းသစ် များ ဖော်ထုတ်ဆောင်ရွက်သွားနိုင်ရေးကြိုးပမ်းလျက်ရှိကြောင်း တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေး ခန်းမ၌ကျင်းပသည့် ပဲခူးတိုင်း ဒေသကြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၂)တွင်ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာခြင်းနှင့်အတူ ဟိုတယ် လုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်းများ၊ သယ်ယူပို့ဆောင် ရေးလုပ်ငန်းများနှင့် အခြား ဝန်ဆောင်မှု လုပ်ငန်းများလည်း တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက် လာပြီး အလုပ်အကိုင်အခွင့် အလမ်းများလည်း ပိုမိုရရှိလာနိုင် မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင် များ၊ ဧည့်လမ်းညွှန်များနှင့် ဟိုတယ်ဝန်ဆောင်မှု ဝန်ထမ်းများ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်သော် လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ဆောင်ရွက် နိုင်ရေး စစ်ဆေးဆောင်ရွက်သွား ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာလ အလွန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ခရီးစဉ် ဒေသများ သန့်ရှင်းသာယာ သပ်ရပ်စေရေးတို့ကို ကြိုတင် ပြင်ဆင် ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး က တည်းခိုရိပ်သာ ခုနစ်ခု သက်တမ်းတိုးခြင်းနှင့် ဟိုတယ် လုပ်ငန်းသို့ အဆင့်မြှင့်တင်ခြင်း တစ်ခုကို ရှင်းလင်းတင်ပြရာ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များက အကြံပြု ဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေနှင့်အညီ ဆုံးဖြတ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်