
နေပြည်တော် ဩဂုတ် ၂၅
အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management - AHA Centre)က ပေးအပ်မည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ (Task Force)၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြား ရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်း
အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အာဆီယံခေါင်းဆောင်ကြီးများ အစည်းအဝေးတွင် သဘောတူညီခဲ့ကြသည့် တူညီဆန္ဒ (၅)ချက်အနက် စတုတ္ထအချက်အား အကောင်အထည်ဖော်သည့် အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက် ဆက်ဆံရေးနိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်ဆက်ဆံ ရေးနိုင်ငံများထံမှ စာနာထောက်ထားမှု အကူအညီ များ ပေးအပ်ရာတွင် ထိထိရောက်ရောက်နှင့် စီမံ ခန့်ခွဲမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အတွက် ဤလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ် ကြောင်း၊ အာဆီယံမှပေးအပ်မည့် အကူအညီများ အနေဖြင့် မကြာမီကာလအတွင်း မြန်မာနိုင်ငံသို့ စတင်ရောက်ရှိလာကြတော့မည် ဖြစ်ကြောင်း၊ အဆိုပါ ဆေးဝါးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား သယ်ယူပို့ဆောင် ဖြန့်ဖြူးရာတွင် အခက်အခဲမရှိ စေရေး အာဆီယံ AHA Centre ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားကြ ရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပြောကြား
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် မိတ်ဆွေနိုင်ငံများမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး
ထိရောက်စွာလုပ်ဆောင်နိုင်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပံ့ပိုးမှုလုပ်ငန်းကို ကာလတို (Phase-1)နှင့် ကာလရှည် (Phase-2) အဆင့်နှစ်ဆင့်ဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများမှ ကာကွယ်ဆေးနှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းမှု အခြေအနေများ၊ ပစ္စည်းများရောက်ရှိမည့် အခြေ အနေများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြား သည်။
ပြန်လည်ဆွေးနွေး
ယင်းနောက် မြန်မာနိုင်ငံသို့ အာဆီယံ လူသား ချင်းစာနာထောက်ထားမှု အကူအညီများကို AHA Centre မှတစ်ဆင့် ပေးအပ်မည့်အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ များက ရှင်းလင်းပြောကြားခဲ့ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်၊၊
သတင်းစဉ်