
AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုအကူအညီ စီမံခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် ဧပြီ ၂၀
“AHA Centre မှ တစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်းအဖွဲ့ (Task Force)” အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့သည် ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးသည်။
အစည်းအဝေးသို့ လုပ်ငန်း အဖွဲ့၊ အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံခြား ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးချမ်းအေး၊ အတွင်း ရေးမှူးများဖြစ်ကြသည့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကိုကိုနိုင်၊ ကျန်းမာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းနှင့် လုပ်ငန်းအဖွဲ့၊ အဖွဲ့ ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံ သို့ AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက် ထားမှု အကူအညီများ ပထမအဆင့် အကောင်အထည် ဖော်ဆောင်မှု အပေါ် ပြန်လည်သုံးသပ် ဆွေးနွေး ကြသည်။ အစည်းအဝေး၌ ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာ နိုင်ငံ အနှံ့အပြားသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ များ ပံ့ပိုးပေးခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေး သည်။ လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များ သည် လက်ဝယ်ရရှိပြီးဖြစ်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံသို့ ထိရောက်စွာပေးပို့နိုင်ရေး ကူညီ ဆောင်ရွက်ပေးရန် ထပ်လောင်း အတည်ပြုကြသည်။
ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံမှ အဆိုပြုသည့် အချက်များအပါ အဝင် ဒုတိယအဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီ များအတွက် ပြင်ဆင်မှုများအပေါ် နှစ်ဖက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဒုတိယ အဆင့်အတွက် မြန်မာအစိုးရ၏ အစီအစဉ်များနှင့် လုပ်ငန်း အကောင်အထည် ဖော်ဆောင် ရန်အတွက် သတ်မှတ်လုပ်ထုံး လုပ်နည်းများအပေါ် ဆွေးနွေးခဲ့ သည်။
အစည်းအဝေး၌ ဒုတိယ အဆင့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရန်အတွက် နည်းလမ်း များအပေါ် ဆွေးနွေးခဲ့ကြပြီး မြန်မာဘက်လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင် များမှ လူသားချင်းစာနာထောက် ထားမှု အကူအညီများကို အမှန် တကယ် လိုအပ်နေသူများထံသို့ ဖြန့်ဝေရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းမူဝါဒ လုပ်ထုံးလုပ်နည်း များနှင့်အညီ အကူအညီလိုအပ်နေ သူများအား ခွဲခြားမှုမရှိဘဲ မျှတစွာ ဖြန့်ဝေရန် မြန်မာနိုင်ငံ၏ ခိုင်မာ သောဆန္ဒနှင့် အဆင်သင့်ဖြစ်မှု တို့ကို ထပ်လောင်းပြောကြားခဲ့ သည်။
ညပိုင်းတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် သည် မြန်မာ နိုင်ငံသို့ ရောက်ရှိနေသည့် ကမ္ဘော ဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
သတင်းစဉ်