
နေပြည်တော် ဖေဖော်ဝါရီ ၁၄
ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအောက်ရှိ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၁) စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ ဒုတိယဥက္ကဋ္ဌ(၂) တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ လုပ်ငန်း ကော်မတီဝင် ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဝန်ကြီးက စာနာ/သက်မွေး လုပ်ငန်း ကော်မတီအနေဖြင့် ပြီးခဲ့သော အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၂) အစည်း အဝေး ဆုံးဖြတ်ချက်အရ IDP နှင့် နေရပ်စွန့်ခွာ စခန်းများအတွက် လုပ်ငန်းကော်မတီ စီမံချက် ရေးဆွဲပြီး အမျိုးသားအဆင့် ကော်မတီကို တင်ပြရန်ရှိသည့် အတွက် လုပ်ငန်းကော်မတီဝင် ဌာနများက ပေးပို့လာသော အချက်အလက်များကို စုစည်းပြီး စီမံချက် ရေးဆွဲထားမှုအပါအဝင် အစည်းအဝေး ဆုံးဖြတ်ချက်များ နှင့်စပ်လျဉ်းပြီး အစည်းအဝေး ခေါ်ယူ ကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ လုပ်ငန်းကော်မတီ အနေဖြင့် အမျိုးသားအဆင့် ကော်မတီ၏ လမ်းညွှန်ချက်များ နှင့်အညီ လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များကို နှစ်လ တစ်ကြိမ်နှင့် ခြောက်လ တစ်ကြိမ် အစီရင်ခံစာများ ပြုစုပြီး အမျိုးသားအဆင့် ကော်မတီသို့ ပုံမှန်တင်ပြလျက်ရှိပါကြောင်း၊ စီမံ ချက်များ တင်ပြရာတွင် IDP နှင့် နေရပ်စွန့်ခွာစခန်းများ ပြန်လည် နေရာချထားမည့် ဒေသများ၌ ထိရောက်စွာ ဆောင်ရွက်ပေးရန် ဖြစ်သည့်အတွက် အကောင် အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်နေရာ ချထားမည့်နေရာများ၌သာ ဦးစား ပေးရွေးချယ်ဆောင်ရွက်ပေးကြ စေလိုကြောင်း။
ထို့အပြင် IDP အမျိုးသားအဆင့် ကော်မတီ၏ (၃/၂၀၂၂) အစည်း အဝေးဆုံးဖြတ်ချက်တွင်ပါရှိသော လုပ်ငန်းကော်မတီက ဆောင်ရွက် ရမည့် ဆုံးဖြတ်ချက်များကို စနစ် တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ ဖော်ဆောင်ပေးရာတွင် သင့်လျော် သည့် သင်တန်းများ၊ နည်းပညာ များနှင့် ထောက်ပံ့မှုများ ဆောင် ရွက်ပေးကြရန် လိုပါကြောင်း၊ ဆောင်ရွက်မည့် ဒေသအများစု သည် တိုင်းရင်းသားများ နေထိုင် သည့်ဒေသများ ဖြစ်သောကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ် ရေးနှင့် ပတ်သက်ပြီး အလေးထား ဆောင်ရွက်ပေးကြရန်၊ လုပ်ငန်း များဆောင်ရွက်ရာတွင် အောက် ခြေအဆင့်အထိ သိရှိနားလည် သဘောပေါက်ကာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက် ကြရန် ပြောကြားသည်။
လုပ်ငန်းကော်မတီ အတွင်း ရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်က ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂) ဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက် ပြီးစီးမှု၊ လုပ်ငန်းကော်မတီ၏ စီမံချက်ရေးဆွဲဆောင်ရွက်ထားမှု ကို ရှင်းလင်းတင်ပြသည်။
ကဏ္ဍအလိုက်ဆွေးနွေး
ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသော အမြဲ တမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များက ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌများက လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှု များ ဆောင်ရွက်ပေးသည်။
ယင်းနောက် လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်