လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ၁/၂၀၂၂ ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဩဂုတ်   ၁၁ 


ပြည်တွင်းနေရပ်စွန့်ခွာသူများ      ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ   ပိတ်သိမ်း ရေးဆိုင်ရာ   အမျိုးသားအဆင့်ကော်မတီအောက်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး နှင့်  အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ   ဖော် ဆောင်ရေးလုပ်ငန်းကော်မတီ၏  ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို  ယနေ့ မွန်းလွဲပိုင်းက    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

 


အစည်အဝေးသို့  လူသားချင်းစာနာထောက်ထား မှု အကူအညီပေးရေးနှင့်    အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ      ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊   ကယ်ဆယ်ရေးနှင့်   ပြန်လည် နေရာချထားရေးဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊     ဒုတိယဥက္ကဋ္ဌ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန     ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊       လုပ်ငန်းကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနများမှ    ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 


အစည်းအဝေးတွင်   လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး  ဦးအောင်ထွန်းခိုင်က ဩဂုတ် ၃ ရက် က    ကျင်းပခဲ့သော  ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်  ယာယီခိုလှုံရာ စခန်း များ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ (၂/၂၀၂၂)    အစည်းအဝေး   ဆုံးဖြတ်ချက်အရ အကြောင်းအမျိုးမျိုးကြောင့်  မိမိတို့၏နေရပ်များကို စွန့်ခွာနေထိုင်ရသူများကို  ၎င်းတို့၏   နေရင်းဒေသ များသို့ ပြန်လည်နေထိုင်နိုင်ရေးအတွက် လိုအပ်သော ထောက်ပံ့မှုများပေးနိုင်ရန်နှင့်      အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ   ထူထောင်ပေးနိုင်ရန်အတွက် လုပ်ငန်းကော်မတီဝင်များနှင့်     တွေ့ဆုံဆွေးနွေး ညှိနှိုင်းရခြင်းဖြစ်ကြောင်း၊   မိမိတို့ဌာနများအလိုက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းအစီအမံများကို ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍   လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က    မြေပြင်တွင်   အမှန်တကယ်အကျိုးရှိပြီး  ထိရောက်စွာ ဆောင်ရွက် နိုင်မည့်     အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို  အဓိကထားဆွေးနွေးပေးကြရန်၊     ဥပမာအားဖြင့် နေရပ်ပြန်များအတွက်      စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင်   ၎င်းတို့ဒေသနှင့်   ကိုက်ညီ သော    သင့်လျော်သည့်    ဈေးကွက်ဝင်သီးနှံများ၏ မျိုးစေ့များနှင့်နည်းပညာများ ပံ့ပိုးပေးကြရန် အကြံပြု လိုကြောင်း၊ နေရပ်ပြန်မည့်သူများ   နေ့စဉ်ဝင်ငွေရရှိ နိုင်သည့်      အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ သင်တန်းများသည်လည်း   အရေးပါသဖြင့်   အဓိက စီမံရမည့် ကိစ္စရပ်ဖြစ်၍ အားလုံးဝိုင်းဝန်းအကောင် အထည်ဖော်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။ 

 


ယင်းနောက်  အစည်းအဝေးတက်ရောက်လာကြ သော   ကော်မတီဝင်ဌာနများမှ   တာဝန်ရှိသူများက လုပ်ငန်းကော်မတီနှင့်ပတ်သက်၍ အကောင်အထည် ဖော်   ဆောင်ရွက်ထားရှိမှု၊   ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များကို    သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြကြောင်း သိရသည်။ 


သတင်းစဉ်