
ပေကျင်း မတ် ၂၇
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး ကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် မတ် ၂၁ ရက်က ပျက်ကျ ခဲ့သည့် လေယာဉ်၏ ဒုတိယ မြောက် ဘလက်ဘောက်စ်ကို မတ် ၂၇ ရက်တွင် ရှာဖွေတွေ့ရှိ ခဲ့သည်ဟု အမျိုးသားအရေးပေါ် တုံ့ပြန်ရေးဌာနချုပ်က သတင်း ထုတ်ပြန်သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ လေယာဉ်သည် ကူမင်းမှ ကွမ်ကျို့သို့ ဦးတည်ပျံသန်းစဉ် ၂ နာရီ ၃၈ မိနစ်တွင် ဝူကျို့မြို့ တန်ကျန်းစီရင်စု မိုလန်ကျေးရွာ အနီး တောင်ကုန်းထူထပ်ရာ နေရာတွင် ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။
လေယာဉ်ပေါ်တွင် လိုက်ပါ လာသည့် ခရီးသည် ၁၃၂ ဦးစလုံး မှာ သေဆုံးသွားခဲ့သည်ဟု အမျိုးသား အရေးပေါ်တုံ့ပြန်ရေး ဌာနချုပ်၏ ပြောကြားချက်အရ သိရသည်။
လေယာဉ်၏ ပထမဘလက် ဘောက်စ်ကို မတ် ၂၃ ရက်က ရှာဖွေတွေ့ရှိခဲ့သည်။ ပထမ ဘလက်ဘောက်စ်၏ ဒေတာ အချက်အလက်များနှင့် ခွဲခြမ်း စိတ်ဖြာမှုလုပ်ငန်းများကို လုပ် ဆောင်နေဆဲဖြစ်သည်ဟု သိရ သည်။
ဆင်ဟွာ