
လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အဖြစ် ကျောင်းသား ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ပညာရေးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီး ဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများကို မြို့နယ်အသီးသီး၌ ကျင်းပလျက်ရှိသည်။
ပြင်ဦးလွင်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မတ် ၂၄ ရက်က ရပ်ကွက်ကြီး(၅)ရှိ မြို့တော် ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များ တက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အမှာစကားပြောကြား၍ ခရိုင်ပညာရေးမှူး ဒေါက်တာရွှေစင်အိက စိတ်ဓာတ်နှင့် စည်း ကမ်းအကြောင်း၊ ခရိုင် အားကစားနှင့် ကာယ ပညာဦးစီးဌာနမှူး ဦးအောင်နိုင်ထူးက လူငယ် နှင့် အားကစားအကြောင်း၊ ခရိုင်ပြန်/ဆက် ဦးစီးဌာနမှူး ဒေါ်ငုချိုချိုကျော်က လူငယ်နှင့် စာရိတ္တမြှင့်တင်ရေးဆိုင်ရာများကို ဟောပြော သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာရေးဌာနမှ တာဝန်ရှိသူများအား အားကစားပစ္စည်းများနှင့် တရားစာအုပ်များ ပေးအပ်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကလည်း ကျောင်းသား ကျောင်းသူများ လေ့လာနိုင်ရန် စာအုပ် စာစောင်များ ခင်းကျင်းပြသခဲ့သည်။
ခရိုင်(ပြန်/ဆက်)
မြောက်ဦး
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက် အထက(ခွဲ)ကျောင်း၌ မတ် ၂၃ ရက်က ပြုလုပ်သည့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလှမြင့်အောင်က အားကစားနှင့် စိတ်ဓာတ် မြင့်မားရေး ခေါင်းစဉ်၊ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးတင်ရွှေက အကျင့်စာရိတ္တကောင်းမွန် ရေးနှင့် တိုင်းချစ်ပြည်ချစ်စိတ်ထက်သန်စေရေး ခေါင်းစဉ်၊ ခရိုင်ပညာရေးမှူး ဒေါ်တင်တင်မြင့်က စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စည်းကမ်းကောင်းမွန်ရေး ခေါင်းစဉ်များဖြင့် ဟောပြောပြီး အားကစား နှင့် ကာယပညာဦးစီးဌာနက အားကစားပစ္စည်းများ ပေးအပ်သည်။
မြို့နယ်(ပြန်/ဆက်)
ကျောက်ဖြူ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ကျောင်းသား ကျောင်းသူများ အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို မတ် ၂၄ ရက်က အထက(၁)၊ အထက(၂)နှင့် အထက(၃) ကျောင်းများရှိ အစည်းအဝေးခန်းမများ၌ ကျင်းပခဲ့သည်။ ဟောပြောပွဲတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် တိုင်းပြည်ချစ်စိတ်ထက်သန်စေရေးခေါင်းစဉ်၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝေ က အားကစားနှင့် စိတ်ဓာတ်မြင့်မားရေးခေါင်းစဉ်၊ ခရိုင်ပညာရေးမှူး ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းတင်က စိတ်ဓာတ် ကောင်းမွန်ရေးနှင့် စည်းကမ်းကောင်းမွန်ရေး ခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။ မြို့နယ်(ပြန်/ဆက်)
ဇီးကုန်း
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မတ် ၂၄ ရက်က ဇီးကုန်းမြို့နယ် အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ရာ မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်မာမာဦးက ဗလငါးတန်ဖွံ့ဖြိုး ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဒေါ်ထက်ထက်ခိုင်က စိတ်ဓာတ်မြှင့်တင်ရေး၊ ကျန်းမာရေးနှင့် ကြံ့ခိုင်ရေး ခေါင်းစဉ်၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က လူငယ်နှင့် အကျင့် စာရိတ္တကောင်းမွန်ရေးခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။
မြို့နယ်(ပြန်/ဆက်)
ကလိန်အောင်
ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိ ပညာပေးဟောပြောပွဲကို မတ် ၂၃ ရက်က အခြေခံပညာ အထက်တန်း ကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးက စိတ်ဓာတ်ကောင်းပြီး စည်းကမ်းရှိမှ တိုးတက်မည် ခေါင်းစဉ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ခင်ခင်လဲ့က အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ရေးခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။
မြို့နယ်(ပြန်/ဆက်)
မကွေး
မကွေးမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မတ် ၂၃ ရက်က ပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က လူငယ်နှင့် စာပေ ခေါင်းစဉ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းအောင်က လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် ဟောပြော၍ ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ မြို့နယ်(ပြန်/ဆက်)
ပဲခူး
ပဲခူးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိ ပညာခန်းမ၌ မတ် ၂၃ ရက်က ကျင်းပသည့် လူငယ်ရေးရာ အသိ ပညာပေးဟောပြောပွဲတွင် ခရိုင်ပညာရေးမှူး ဒေါ်မာမာစုက စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ကောင်းမွန်ရေး ခေါင်းစဉ်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်ယဉ်ယဉ်နုက အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်နှင့် ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဒေါ်သန္တာဝင်းက လူငယ်နှင့် အားကစား ခေါင်းစဉ်တို့ဖြင့် ဟောပြော၍ အသိပညာပေး နံရံကပ် စာစောင်များကို ခင်းကျင်းပြသသည်။
ခရိုင်(ပြန်/ဆက်)
ငါးသိုင်းချောင်း
ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက် တန်းကျောင်းခန်းမ၌ မတ် ၂၅ ရက်က ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးခင်ညွန့်က ကျောင်းသား ကျောင်းသူ လူငယ်များအတွက် ကောင်းမွန်သောအနာဂတ်ရည်မှန်းချက်များ ကိုယ်တိုင်တည်ဆောက် နိုင်ရေး၊ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဒေါ်နှင်းယုဝေက ကျောင်းသား ကျောင်းသူများနှင့် အားကစား၊ ကျောင်းသား ကျောင်းသူများ ဗလငါးတန်ပြည့်စုံရန်နှင့် မျိုးချစ် စိတ်ဓာတ်ရှိရန် စသည်တို့ကို အသိပညာပေးဟောပြောပြီး ဟောပြော ပွဲသို့ ကျောင်းသား ကျောင်းသူ ၁၃၀ တက်ရောက်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)
သရက်ချောင်း
သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ မတ် ၂၄ ရက်က ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ(Talk Show)တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ဆွေးနွေးပွဲပြုလုပ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွန်းက လူငယ်ရေးရာအသိပညာပေးဆွေးနွေးမှုများအဖြစ် အမျိုးသမီးများ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးအကြမ်းဖက်မှုမှ ကာကွယ် စောင့်ရှောက်ရေး၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်း များအကြောင်း၊ အမျိုးသမီးများ၏အခွင့်အရေးများ အပြည့်အဝ ရရှိခံစားနိုင်စေရေး၊ နိုင်ငံတကာနှင့်ထားရှိသော ကတိကဝတ်များ၊ အမျိုးသမီးများနှင့် အမျိုးသားကြား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုများအပေါ် အခြေခံပြီး ဖြစ်ပေါ်လာသော နောက် ဆက်တွဲသားဖျက်ခြင်း၊ မွေးကင်းစကလေးများစွန့်ပစ်ခြင်းမှ ကာကွယ် တားဆီးရေးလှုပ်ရှားမှု အစီအစဉ်များကို ဆွေးနွေးဟောပြောခဲ့သည်။
မြို့နယ်(ပြန်/ဆက်)