
နေပြည်တော် ဩဂုတ် ၁၃
ယနေ့ နံနက်ပိုင်းက နေပြည်တော် ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသည့် လူငယ်ဖိုရမ်တွင် ကဏ္ဍအလိုက် ဆွေးနွေးမှုများ ပြုလုပ်ကြသည်။
ကဏ္ဍအလိုက်ဆွေးနွေး
ရှေးဦးစွာ Digital Transfor-mation and innovation ဗီဒီယို ကို ပြသပြီး သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန မော်တော်ယာဉ် နည်းပညာ သုတေသနဌာနမှ သုတေသနအရာရှိ ဒေါက်တာ စိုးထက်ဝေ၊ ATOM Myanmar မှ Senior Vice Present ကိုလွင် ထူးကို၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာမေဖူး ဝေနှင့် နိုင်ငံတကာခေါင်းဆောင်မှု တက္ကသိုလ်မှ IT Specialist ကိုဥက္ကာမောင်တို့က “ဒစ်ဂျစ် တယ် အသွင်ကူးပြောင်းခြင်းနှင့် ပြောင်းလဲဆန်းစစ်ခြင်းကဏ္ဍ” ခေါင်းစဉ်ဖြင့် မျက်မှောက်ခေတ် တွင် ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုနှင့် ဆန်းသစ်တီထွင် မှုများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စသည့် နယ်ပယ်ကဏ္ဍစုံတွင် ထိရောက် စွာအသုံးချလျက်ရှိသည့် အဓိက သော့ချက်တစ်ခုဖြစ်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုက်ရိုက်အချိုး ကျလျက်ရှိခြင်းတို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာလူငယ်များ အနေဖြင့် လာမည့်ဆယ်စုနှစ်များ တွင် မိမိနိုင်ငံအတွက် ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည့်ကိစ္စရပ်များကို ဖော်ထုတ် ရာတွင် အဓိကကျပြီး လူငယ်များ ၏ နေ့စဉ်လူမှုဘဝဖြတ်သန်းမှုများ တွင် ပုံစံအမျိုးမျိုးဖြင့် ဆက်စပ် နေသောကဏ္ဍများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်၏ အဓိက အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည့် ဉာဏ်ရည်တု AI နှင့် ပတ်သက်သည့် သိမှတ်ဖွယ် ဗဟု သုတများ၊ ဆောင်ရန်ရှောင်ရန် ကိစ္စရပ်များ၊ လုပ်ဆောင်နိုင်စွမ်း နယ်ပယ်များနှင့် စိန်ခေါ်မှုများ၊ ကျော်လွှားနိုင်မည့် နည်းလမ်းများ၊ နည်းပညာ တိုးတက်လာမှုနှင့် ပတ်သက်၍ ဆိုးကျိုးနှင့်ကောင်း ကျိုးများ၊ Data အချက်အလက် များ၏ လုံခြုံရေးဆိုင်ရာ အချက် အလက်များ၊ လူငယ်များဘဝကို တိုးတက်ပြောင်းလဲစေရန် အသုံးချ နိုင်မည့် နည်းပညာစွမ်းအားများ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ နေ့စဉ်လုပ်ငန်းခွင်တွင် AI နည်း ပညာအသုံးဝင်မှုနှင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံ ကျေးလက်နေ လူငယ်များ၏ လူနေမှုဘဝများ တိုးတက် ကောင်းမွန်စေရန်နှင့် ပတ်သက် သည့် နည်းပညာများနှင့် စပ်လျဉ်း ၍ လည်းကောင်း ဆွေးနွေးကြ သည်။
ထို့နောက် Socio - Culturl Development မှတ်တမ်းဗီဒီယို ကို ပြသပြီး နိုင်ငံတကာခေါင်းဆောင် မှု တက္ကသိုလ်မှ ဆရာမ ဒေါ်စုလဲ့လဲ့ နိုင်၊ နိုင်ငံတကာခေါင်းဆောင်မှု တက္ကသိုလ်ဥက္ကဋ္ဌ ဒေါ်မေဖူးပွင့်စိုး၊ ကျန်းမာရေးဝန်ကြီးဌာန ကုသ ရေးဦးစီးဌာနမှ လက်ထောက် ဆရာဝန် ဒေါက်တာချမ်းငြိမ်းစုနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါ်သန္တာမိုးတို့က “လူမှု-ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ” ခေါင်းစဉ်ဖြင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကောင်းမွန် သောပညာရေးနှင့် ကျန်းမာရေး စနစ်တို့ဖြင့် အခြေခံတည်ဆောက် ပြီး မျက်မှောက် ခေတ်အခြေအနေ တွင် နည်းပညာဆိုင်ရာ တိုးတက် ကောင်းမွန် ပြောင်းလဲလာမှုများ နှင့်အတူ စိတ်ပိုင်းဆိုင်ရာများနှင့် ကျင့်ဝတ်ဆိုင်ရာ စိန်ခေါ်မှုများ အား ဖြေရှင်းနိုင်ရေး စပ်လျဉ်း၍ လည်းကောင်း၊ နိုင်ငံတော်၏ အနာဂတ် ခေါင်းဆောင်များဖြစ် သော လူငယ်များအတွက်နိုင်ငံသား ကျင့်ဝတ်များ၊ ခေါင်းဆောင်မှု ဆိုင်ရာ အရည်အသွေးများနှင့် စပ်လျဉ်း၍လည်းကောင်း၊ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံ့ခိုင်ရေးများနှင့် ပတ်သက် သော အလေ့အကျင့်ကောင်းများ ကို မည်သည့်နည်းလမ်းများ ဖြင့် ဆောင်ရွက်သင့်သည်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ၂၁ ရာစု တွင် လူငယ်များအတွက် ကျွမ်းကျင် မှုများဖြစ်သော Digital Literacy, Communication Skills, Critical Thinking ,Global and Cultural Awareness, Financial Literacy စသည့် ဘာသာရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အနာဂတ်ခေါင်းဆောင်များ ဖြစ် လာမည့် လူငယ်များအနေဖြင့် မဖြစ်မနေ တတ်ကျွမ်းသင့်သည့် (hardskill & Softskill) အသိ ပညာ၊ အတတ်ပညာများ၊ မြန်မာ နိုင်ငံ၏ လူမှု - ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်ရေးကို အတူတကွ ဖော်ဆောင်နိုင်ရန် နည်းလမ်းများ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိလွယ်ရှလွယ် ဖြစ်ပေါ်ခြင်းကို ကာကွယ်တားဆီး နိုင်ရန်နည်းလမ်းများနှင့် စပ်လျဉ်း ၍လည်းကောင်း၊ လူငယ်များအနေ ဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင် ရေးကို မြှင့်တင့်ရန်အတွက် အထောက်အပံ့များ၊ ၂၁ ရာစု ကာလတွင် အတတ်ပညာများ နှင့် ပတ်သက်၍ ဘဝအတွက် အထောက်အကူပြုနိုင်မည့် နည်း လမ်းများနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးကြသည်။
ယင်းနောက် Economic Growth and Employment ဗီဒီယိုကိုပြသပြီး သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန ညွှန်ကြားရေး မှူး ဒေါက်တာမော်မော်ထွန်း၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေး အသင်း (MYDA) ဘဏ္ဍာရေးမှူး ဒေါ်ကြည်စင်ရွှေ၊ အစိုးရစက်မှု လက်မှုသိပ္ပံ နေပြည်တော်မှ တတိယနှစ်ကျောင်းသူ မနှင်းဆီ ရွှေစင်နှင့် I CAKE U Bakery (နေပြည်တော်)မှ ဒေါ်ချိုနေခြည် နွေးတို့က “စီးပွားရေးတိုးတက်မှု နှင့် အလုပ်အကိုင်အခွင့်အလမ်း ကဏ္ဍ” ခေါင်းစဉ်ဖြင့် စီးပွားရေး တိုးတက်အောင် တည်ဆောက် ခြင်းသည် နိုင်ငံတည်ဆောက်ခြင်း (State Building)အတွက် အရေး ပါသော အချက်အလက်တစ်ခုဖြစ် သောကြောင့် အဆိုပါနယ်ပယ် တွင် လူငယ်များ ပါဝင်နိုင်မှုနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒစ်ဂျစ် တယ်နည်းလမ်း အသုံးပြု၍ ဆောင်ရွက်နိုင်သည့် စီးပွားရေး ဆိုင်ကိစ္စရပ်များ၊ လုပ်ငန်းခွင် သင်တန်းများမှတစ်ဆင့် ပို၍ ကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများကို ချိတ်ဆက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ အနာဂတ်တွင် အောင်မြင်တိုးတက် ရေးအတွက် အဓိကလက်တွေ့ကျ သောနယ်ပယ်များတွင် မိမိဘဝ ခရီးကို စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်အဖြစ် လေ့ကျင့် ပျိုးထောင် ဖြတ်သန်းနိုင်မည့် အကြောင်းအရာများ၊ လက်ရှိ တိုးတက်ပြောင်းလဲလာသည့် ခေတ် နှင့်အညီ ဒစ်ဂျစ်တယ်နည်းပညာ ဖြင့် အလုပ်အကိုင်ရှာဖွေရေး နည်းလမ်းများ၊ အွန်လိုင်းပေါ်မှ ဝင်ငွေရှာဖွေမှုနှင့် မိမိ၏ငွေကြေး များလည်း ဆုံးရှုံးနိုင်ခြေရှိမှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ TVET မှတစ်ဆင့် အသက်မွေးဝမ်း ကျောင်းအပေါ် ကြီးမားသည့် အကျိုးသက်ရောက်မှု၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည့် စီးပွားရေးကဏ္ဍများ၊ ပိုမိုကောင်းမွန် သည့် အလုပ်အကိုင်အခွင့်အလမ်း များနှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးကြသည်။
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
ယင်းနောက် ဌာနဆိုင်ရာ အကြီးအကဲများက လူငယ်ဖိုရမ်၌ သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင် ဆွေးနွေးခဲ့ကြသူများကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြ သည်။
ဆက်လက်၍ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ နည်းပြ ဒေါ်မိုးသီတာ ဦးဆောင် ၍ တက်ရောက်လာကြသည့် လူငယ် ကိုယ်စားလှယ်များက Zumba အကဖြင့် အတူတကွ ကပြကြသည်။
ဆွေးနွေးပွဲရလဒ်ဖတ်ကြား
ထို့နောက် လူငယ်ဖိုရမ်သို့ တက်ရောက်လာကြသည့် လူငယ် ကိုယ်စားလှယ်များက အုပ်စု ကိုးခု ခွဲ၍ The Power of Technology to Transform Your Life, The Truth about AI, Steps Youth Need to Take to Access the Digital World, Youth: The Future Leaders of the Nation, Master Your Mind, Master Your Body, The Skill Youth Need to Succeed in the 21st Century, Today Trending: Monetizing Your Digital Brand, Get a Better Job with TVET နှင့် Master Your Life through Enterpreneurship စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး အုပ်စုအဖွဲ့များမှ ခေါင်းဆောင် များက ဆွေးနွေးပွဲရလဒ်များကို ဖတ်ကြားတင်ပြရာ ရလဒ်များ အပေါ် တာဝန်ရှိသူများက အနှစ်ချုပ်ပြန်လည်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်