
နေပြည်တော် ဇန်နဝါရီ ၂၇
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲ တော်ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက် အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ပြခန်း ပေါင်း ၄၀ ကျော် ထည့်သွင်းပြသသွားမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ထည့်သွင်းပြသသွားမည်
ပြခန်းများတွင် မြန်မာနိုင်ငံ၏ သမိုင်း ဝင် စာချုပ်စာတမ်းများနှင့် မှတ်တမ်း မှတ်ရာများ ပြခန်း၊ စာပေတိုက်အသီးသီး က ထုတ်ဝေထားသည့် စာအုပ်စာစောင်များ နှင့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိ များပြခန်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးပြခန်း၊ ရေကြောင်းပညာ ရပ်၊ လေကြောင်းပညာရပ်ဆိုင်ရာ အသိ ပညာပေးပြခန်းများ၊ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ အသိပညာပေးပြခန်း၊ ပန်းချီ၊ အနုပညာပြခန်းများကို ထည့်သွင်းပြသ သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပညာရေးဝန်ကြီးဌာန က အခြေခံပညာနဲ့ အဆင့်မြင့်ပညာဦးစီး ဌာန နှစ်ခုပေါင်းပြီး ဝန်ကြီးဌာနကိုယ်စား ရွှေ့နိုင်ပြောင်းနိုင်သော သိပ္ပံနှင့်နည်းပညာ ပြတိုက်နဲ့ မြန်မာပြည်ရဲ့ ရှားပါးလိပ်ပြာ ပြခန်းကို ပြသသွားမှာဖြစ်ပါတယ်”ဟု ပြခန်းတာဝန်ခံ အထက(၁၆) ကျောင်းအုပ် ကြီး ဒေါက်တာသန်းထိုက်စိုးက ပြောသည်။
သုံးရက်တာ ကျင်းပမည့် လူငယ် နှင့်စာပေပွဲတော်တွင် စာပေဆိုင်ရာ လုပ်ရှားမှုတစ်ခုအဖြစ် အသိပညာပေး ပြခန်းများနှင့်် စာအုပ်အရောင်းဆိုင်များ ထည့်သွင်းပြသ ရောင်းချပေးသွားမည် ဖြစ်သည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေ ရေးဦးစီးဌာနမှ စာပေဗိမာန် စာအုပ် အရောင်းပြခန်းကိုလည်း ထည့်သွင်းပြသ သွားမည်ဖြစ်သည်။
ခင်းကျင်းရောင်းချ
အဆိုပါ အရောင်းပြခန်းနှင့်ပတ်သက် ၍ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးဦးစီး ဌာနမှ ဒုတိယစာတည်းမှူးချုပ် ဦးရဲနိုင်က “စာပေဗိမာန် စာအုပ်အရောင်းဆိုင် ပြခန်း မှာဆိုရင် ဘာသာရပ်အလိုက် စာပေဗိမာန် စာပေဆုရ စာအုပ်တွေ၊ သုတ၊ ရသနဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေကို စုံစုံ လင်လင် ပြသရောင်းချသွားမှာ ဖြစ်ပါ တယ်။ စာပေဗိမာန်ကထုတ်ဝေတဲ့ မြန်မာ့ စွယ်စုံကျမ်း၊ ပြန်လည်ထုတ်ဝေတဲ့ စာရေး ဆရာကြီးများရဲ့ စာကောင်းပေကောင်း လက်ရာမွန်များကို ပြန်လည်ဆန်းသစ် ထုတ်ဝေထားတဲ့ စာအုပ်တွေ၊ ပြင်ပစာပေ တိုက်တွေက ထုတ်ဝေတဲ့ စာအုပ်တွေကို လည်း ခင်းကျင်းရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ သုတ၊ ရသ စုံလင်တဲ့အတွက် စာဖတ်သူတွေအနေနဲ့ စာပေဗဟုသုတ တွေ၊ စာပေအသိဉာဏ်တွေ ရရှိသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
စာပေဗိမာန် အရောင်းပြခန်းတွင် ရသစာအုပ်များ၊ ဥပဒေစာအုပ်များ၊ စာပေ ဆုရစာအုပ်များ၊ ဘဝအောင်မြင်ရေး စာအုပ်များ၊ ကျန်းမာရေးကဏ္ဍ စာအုပ် များ၊ ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ ဘာသာရေး စာအုပ်များ၊ စာရေးဆရာကြီးများ၏ အတ္ထုပ္ပတ္တိစာအုပ်များ၊ အနုပညာစာအုပ် များ၊ ဆောင်းပါးများ၊ သမိုင်းစာအုပ်များ၊ လူငယ်များအတွက် ရုပ်ပြစာအုပ်များ၊ စီးပွားရေးစီမံခန့်ခွဲမှုစာအုပ်များနှင့် ခရီး သွားစာပေများကို ခင်းကျင်းရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လေကြောင်းဝါသနာရှင် များအသင်းဥက္ကဋ္ဌ ပြခန်းတာဝန်ခံ ဦးအောင်ကျော်ငြိမ်းက “မြန်မာနိုင်ငံက လူငယ်တွေ လေကြောင်းပညာစိတ်ဝင်စား လာစေဖို့၊ ခေတ်ပေါ် နည်းပညာတွေ လေ့လာလိုက်စားပြီး အနာဂတ်နိုင်ငံတော် အတွက် အကျိုးရှိတဲ့ တကယ်ကို အထောက်အကူပြုမယ့် လူ့စွမ်းအား အရင်းအမြစ်တွေ ပေါ်ထွန်းလာဖို့နဲ့ မြန်မာနိုင်ငံမှာမရှိသေးတဲ့ အရပ်ဘက်မှာ ပျံသန်းရေး (Fly Class) ပေါ်ထွန်းလာရေး ကို ရည်ရွယ်ပြသခြင်း ဖြစ်ပါတယ်”ဟု ပြောကြားသည်။
ပြခန်းများပါဝင်
အဆိုပါ လေကြောင်းပညာရပ်ဆိုင်ရာ ပြခန်းတွင် လေကြောင်းသုတ သမိုင်းအစ ပြခန်း၊ ကောင်းကင်ယံစစ်သမိုင်းသစ် ပြခန်း၊ သမိုင်းတွင်ကျန်ရစ် လေယာဉ် ရွှေခေတ် ပြခန်း၊ စိုးမိုးကောင်းကင် ဒုတိယစစ်ဝေဟင် ပြခန်း၊ စစ်ပြီးခေတ် ဆန်းသစ်ဝေဟင် ပြခန်း၊ လေကြောင်း စွမ်းအားကမ္ဘာတစ်လွှား ပြခန်း၊ မျိုးပေါင်း စုံစွာ လေယာဉ်ကမ္ဘာ ပြခန်း၊ လေကြောင်း သုတလေ့လာကြစို့ ပြခန်း၊ လူမဲ့လေယာဉ် ခေတ်ဝေဟင် ပြခန်း၊ ကိုယ်တိုင်ပျံသန်း မောင်းကာစမ်း ပြခန်း၊ ပျံသာပျံပါ ထက်အာကာ ပြခန်းများပါဝင်ကြောင်း သိရသည်။
ယခုပွဲတော်ကို မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာ မည့် ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေးအခေါ် အယူအဆများ ထက်မြက်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာဆင်နွှဲရင်း စုပေါင်း အလုပ်များတွင် ဝိုင်းဝန်းပါဝင်တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ လူငယ်များ၏ တီထွင်ဖန်တီးလိုစိတ် ရင့်သန်လာစေရန်နှင့် စာပေဖတ်ရှု လေ့လာလိုစိတ် မြင့်မာလားစေရန်၊ အသိ ပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုး အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလငါးတန် မြှင့်တင်ပေးနိုင်ရန် နှင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကို ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် တည်ဆောက်အကောင်အထည်ဖော်နိုင် ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - အောင်မင်းဟန်၊ ဂျိုင်းလော
ဓာတ်ပုံ - ကျော်ရဲဆွေ