
နေပြည်တော် ဇန်နဝါရီ ၂၉
မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များ ဖြစ်လာမည့် ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် အတွေး အခေါ်အယူအဆများ ထက်မြတ် လာစေရန် ရည်ရွယ်၍ စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ယနေ့မှ စတင် ကျင်းပလျက်ရှိသည်။
အဆိုပါပွဲတော်ကြီးတွင် အသိ ပညာဗဟုသုတရဖွယ် ပြခန်း ပေါင်း ၄၀ ကျော် ပါဝင်ပြသထား ပြီး ဖျော်ဖြေရေးအစီအစဉ်ကောင်း များလည်း ထည့်သွင်းထားရာ စိတ်ပါဝင်စားစွာဖြင့် လာရောက် လေ့လာကြသည့် နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၊ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ ရင်တွင်း ခံစားချက်များကို အများပြည်သူ သိရှိနိုင်စေရန် ရေးသားဖော်ပြ လိုက်ရပါသည်။
ဒေါ်ဝင်းဝင်းမွန်
(ဦးစီးအရာရှိ၊ စီမံကိန်းများ
ကြီးကြပ်အကဲဖြတ်ဌာန၊
နေပြည်တော်ပညာရေးမှူးရုံး)
လူငယ်နဲ့ စာပေပွဲတော်ကို ဒီလိုကျင်းပစေချင်ခဲ့တာ ကြာပါ ပြီ။ လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းက နေပြည်တော်မှာ ကလေးစာပေ ပွဲတော်ကို ကျင်းပခဲ့တယ်။ ကလေး စာပေပွဲတော်ကို နှစ်တိုင်းကျင်းပ ပေးရင်ကောင်းမှာပဲဆိုပြီး အဲဒီ အချိန်တုန်းက အတွေးဝင်မိတယ်။ ဒါပေမယ့် မကျင်းပဖြစ်ခဲ့ပါဘူး။ ဒီနေ့ဒီအချိန်မှာတော့ လူငယ်နှင့် စာပေပွဲတော်ကို ကျင်းပနေတဲ့ အတွက် အလွန်ဝမ်းသာတယ်။ ဂုဏ်ယူတယ်။ အားလုံးကိုလည်း ကြိုဆိုပါတယ်။ အခုအချိန်မှာ နည်းပညာရပ်တွေ တိုးတက်လာ တယ်။ တိုးတက်လာတဲ့နည်းပညာ ရပ်တွေကို ကလေးတွေ အသုံးချ ရမယ်။ ဒါပေမယ့် လူငယ်တွေ၊ ကလေးငယ်တွေက ဂိမ်းကစား ခြင်းကို မူးယစ်ဆေးဝါးလို စွဲလမ်း နေကြပါတယ်။ ဒီလိုပွဲတော်ကြီး ကို ကျင်းပခြင်းအားဖြင့် ပွဲတော် ကိုလာရောက်တဲ့ ကျောင်းသား ကျောင်းသူ၊ လူငယ်တွေရဲ့ စိတ်ဓာတ်တွေ၊ တွေးခေါ်မှုတွေ၊ သဘောတရားတွေကို များစွာ ပြုပြင်ပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့် လူငယ်နှင့်စာပေပွဲတော် ကို နှစ်တိုင်းကျင်းပစေချင် တယ်။
လူငယ်နှင့် စာပေပွဲတော်ဆိုလို့ စာအုပ်စာပေ တစ်ခုတည်းမဟုတ် ပါဘူး။ တခြားလေ့လာစရာများစွာ ရှိပါတယ်။ စာပေနဲ့ပတ်သက်လို့ သုတ၊ ရသစာအုပ်၊ အထွေထွေ ဗဟုသုတစာအုပ်၊ စာပေဗိမာန် ဆုရစာရေးဆရာကြီး၊ ဆရာမကြီး တွေရဲ့ဂန္တဝင်မြောက် စာအုပ်တွေ၊ သမိုင်းမှတ်တမ်းဝင်တဲ့ စာအုပ် တွေကို ကဏ္ဍအလိုက် ခင်းကျင်း ပြသထားတာ ဖြစ်တဲ့အတွက် လေ့လာခွင့်တွေရပြီး အသိပညာ ဗဟုသုတတွေ များစွာရစေပါ တယ်။ စာအုပ်စာပေတွေဟာ ဒီနှစ် ခေတ်မှာဆိုရင် ရှားပါးသွားပြီ ဖြစ်ပါတယ်။ တကယ့်ကိုသမိုင်းဝင်၊ မှတ်တမ်းဝင်၊ မော်ကွန်းဝင်စာအုပ် တွေရှိနေတာ ဖြစ်တဲ့အတွက် လူငယ်တွေကို လာရောက်လေ့လာ စေချင်တယ်။ ကျောင်းသား ကျောင်းသူတွေရော၊ လူကြီး၊ လူငယ်အရွယ်မရွေး အပန်းဖြေ နိုင်မယ့် ဖျော်ဖြေရေးအစီအစဉ် တွေကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းပြီးကျင်းပနေတာ ဖြစ်တဲ့ အတွက် ရသကိုလည်းရစေပြီး ဂီတကိုလည်း ခံစားနိုင်မှာဖြစ်ပါ တယ်။ တစ်နေရာတည်းမှာ တစ်စု တစ်ဝေးတည်းရသမျိုးစုံကို ခံစား ရတဲ့ ပွဲတော်ဖြစ်တဲ့အတွက် လာ ရောက်လေ့လာကြပါလို့ ဖိတ်ခေါ် လိုပါတယ်။
မဆုနန္ဒာလွင်
(ဖျော်ဖြေရေးအစီအစဉ်တွင်
ပါဝင်သူ)
ဒီလို လူငယ်နှင့် စာပေပွဲတော် ကျင်းပခြင်းအားဖြင့် သမီးတို့လို လူငယ်တွေအတွက် အသိပညာ၊ အတတ်ပညာနဲ့ သက်ဆိုင်တဲ့ ဗဟုသုတများစွာရရှိစေပါတယ်။ ငယ်ငယ်ကတည်းက စိတ်ပါ ဝင်စားခဲ့တဲ့ လေကြောင်းပညာ ရပ်ဆိုင်ရာပြခန်း ပါဝင်ပြသမယ် လို့ ကြားသိတဲ့အချိန်မှာ အတိုင်း မသိဝမ်းသာမိတယ်။ ကိုယ်တိုင် က အနုပညာလည်းဝါသနာပါ တော့ ပွဲတော်ကြီးရဲ့ ဖျော်ဖြေရေး အစီအစဉ်ကဏ္ဍမှာ တစ်တပ် တစ်အားပါဝင်ပြီး လေကြောင်း ပညာရပ်တွေကို လေ့လာမှာဖြစ်ပါ တယ်။ နောက်ပြီး ရသစာပေဖတ်ရှု ရတာကိုလည်း သဘောကျတော့ ပွဲတော်မှာ ခင်းကျင်းပြသထား တဲ့ စာပေပြခန်းတွေအကုန်လုံး လိုက်လံလေ့လာပြီးပါပြီ။ သဘော ကျတဲ့စာအုပ်တွေကိုလည်း သေချာ ဖတ်ရှုနိုင်အောင် ဝယ်ယူထားပါ တယ်။ ပြခန်းတွေမှာ ပြသထားတဲ့ နည်းပညာပြခန်းတွေကို ကြည့် ခြင်းအားဖြင့် သမီးတို့ မြန်မာနိုင်ငံ အနေနဲ့လည်း နောက်မကြာမီ နည်းပညာနယ်ပယ်မှာ တိုးတက် လာတော့မယ်လို့ ထင်မြင်မိပါ တယ်။
ဦးဇော်အောင်
(ပန်းချီပြခန်းတာဝန်ခံ)
ကျွန်တော်က ရန်ကုန်မှာရှိတဲ့ ပန်းချီဆရာတွေနဲ့ မြို့နယ်မှာရှိတဲ့ ပန်းချီဆရာတွေကို စုစည်းပြီး လူငယ်နှင့် စာပေပွဲတော်ကြီးမှာ ပါဝင်ပြသခြင်း ဖြစ်ပါတယ်။ ကျောင်းသား လူငယ်တွေအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြ ခန်းနဲ့ စာအုပ်အရောင်းပွဲတော် ဆိုပြီး အပိုင်းသုံးပိုင်းနဲ့ ပါဝင် ဆောင်ရွက်သွားမှာပါ။ စာအုပ် တွေကို လူငယ်ရွှေခေတ်ဆိုတဲ့ အနုပညာနဲ့ စာအုပ်ဖန်တီးသူများ အဖွဲ့ကဦးဆောင်ပြီး ပြသရောင်းချ ပေးခြင်းဖြစ်ပါတယ်။ ပြခန်းကို လာကြည့်တဲ့ ကျောင်းသား လူငယ် တွေထဲက ပန်းချီဝါသနာရှင် ကလေးတွေကိုစုစည်းပြီး ပန်းချီ ကို ဘယ်လိုလေ့လာရတယ်၊ အရောင်ခြယ်တဲ့အခါ ဘယ်လို အရောင်ခြယ်ရတယ် ဆိုတာကို သင်ကြားပေးပါတယ်။ ပန်းချီ ဆရာကြီးတွေရဲ့ ပန်းချီလက်ရာ တွေကိုလည်း လေ့လာနိုင်အောင် ပြသပေးပါတယ်။ သူတို့ ပန်းချီ လက်ရာတွေကို လေ့လာပြီး အရောင်သဘော၊ Line ရဲ့သဘော၊ လူပုံတွေရဲ့ အလင်းအမှောင်က အစ ပြည့်ပြည့်စုံစုံ လေ့လာခွင့်ရ သွားပါတယ်။
ဦးတင်နိုင်ထွန်း
(အုပ်ချုပ်သူ၊ ဉာဏ်လင်းထက်
ဆင်အဖွဲ့)
ကျွန်တော်တို့ ဆင်အဖွဲ့အနေ နဲ့ လူငယ်နှင့် စာပေပွဲတော်ကို လာရောက်ကြတဲ့ ကျောင်းသား ကျောင်းသူတွေ၊ ဝန်ထမ်းမိသားစု တွေနဲ့ ဒေသခံပြည်သူတွေကို ဒီနေ့ကစပြီး သုံးရက်တိုင်တိုင် ဂါရ၀ပြုပြီး ဖျော်ဖြေပေးသွားမှာ ပါ။ ဆင်သီချင်းအက၊ ခေတ်ပေါ် သီချင်းအကနဲ့ စွမ်းရည်ပြလို့ ခေါ်တဲ့ လှေကား၊ ပီပါ၊ ကုန်းဘောင် တွေပေါ်တက်ပြီး ဆပ်ကပ်ပုံစံ ဖျော်ဖြေပေးမယ့် အစီအစဉ်တွေ လည်းပါဝင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်က စာရေးဆရာ တစ်ယောက်ဖြစ်တဲ့အတွက် ဒီ ပွဲတော်ကြီးကို ပြုလုပ်ပေးတာ အင်မတန်မှ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ကိုယ်တိုင်ပါဝင် ပြီး ဂုဏ်ပြုခွင့်ရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်။ အနယ်နယ် အရပ်ရပ်က ဘုရားပွဲ၊ ကျောင်းပွဲ တွေအပြင် နိုင်ငံတော်အဆင့် ပွဲတွေကိုလည်း သွားပြီးကပြခဲ့ဖူး ပါတယ်။
အခုလိုပွဲကြီးမှာ နိုင်ငံတော်က အသိအမှတ်ပြုပြီး ကျွန်တော်တို့ အဖွဲ့ကို ဖျော်ဖြေပေးဖို့ ဖိတ်ခေါ် တဲ့အတွက် ကျွန်တော်တို့က လာပြီး ဂါရဝပြုပေးခြင်းဖြစ်ပါ တယ်။ ဆင်အကကို ကျောက်ဆည် မြို့မှာ ပြုလုပ်တာများပါတယ်။ ဒါကြောင့် တချို့အရပ်ဒေသတွေ မှာ မမြင်ဖူးတဲ့ပရိသတ်တွေလည်း မြင်ဖူးအောင် ကျွန်တော်တို့အဖွဲ့ ကလည်း ဂါရဝပြုခွင့်ရအောင် လာရောက်ဖျော်ဖြေတာပါ။ အခုလို ပွဲကြီးတွေကို မကြာခဏကျင်းပ ပေးစေချင်သလို ကျွန်တော်တို့ လည်း ပါဝင်ခွင့်ရချင်ပါတယ်။ လူငယ်တွေကို စာပေနဲ့ပတ်သက် ပြီး ပြောကြားချင်တာကတော့ စာအုပ်တစ်အုပ်ဖတ်ရင် အချုပ် ခန်း တစ်ခန်းပိတ်သလို စာကြည့် တိုက်တစ်တိုက် ဖွင့်လိုက်ရင် ထောင် တံခါးပိတ်တာနဲ့အတူတူ ပါပဲဆိုတဲ့ ဆိုရိုးစကားလိုမျိုးပဲ ဒီလိုပွဲမျိုးစီစဉ်ကျင်းပပေးတာဟာကျောင်းသား လူငယ်တွေအတွက် အချုပ်တစ်ခန်း၊ ထောင်တံခါး ပိတ်လိုက်တာနဲ့ အတူတူပါပဲလို့ တင်စားချင်ပါတယ်။
မကြည်နူးဆက်
(ကျောင်းသူ၊ အမှတ်(၆)
အခြေခံပညာ
အထက်တန်းကျောင်း)
သမီးအနေနဲ့ ဒီနေ့ကျင်းပတဲ့ လူငယ်နှင့် စာပေပွဲတော်ကြီးရဲ့ ဖျော်ဖြေရေးကဏ္ဍ အစီအစဉ်မှာ ပါဝင်ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ပွဲတော်ကိုလာရောက်တဲ့ ကျောင်း သား ကျောင်းသူတွေ၊ လူငယ်တွေ နဲ့ ကလေးငယ်တွေပျော်ရွှင် အောင်၊ စိတ်ဓာတ်တွေ တက်ကြွ အောင် ဖျော်ဖြေပေးရတာ ပျော် စရာအလွန်ကောင်းသလို ဂုဏ် လည်းယူပါတယ်။ ပွဲတော်ကြီးမှာ စာအုပ်စာပေတွေ အများကြီး ဖတ်ရှုခွင့်ရတယ်။ ပြခန်းတွေဆို လည်း အများကြီးခင်းကျင်းပြသ ထားတဲ့အတွက် လေ့လာသင်ယူ စရာတွေ မကုန်ခန်းနိုင်ပါဘူး။ သမီးအနေနဲ့ စာအုပ်ဖတ်ရှုရတာ ကို ပိုသဘောကျတဲ့အတွက် စာပေ ပြခန်းတွေအကုန်လုံးကို လိုက်လံ လေ့လာပြီးပါပြီ။ အလွန်လည်း သဘောကျပါတယ်။ စာပေဖတ်ရှု ခြင်းဟာ ဗဟုသုတများစွာရရှိ ပြီး အတွေးအခေါ်တွေကိုလည်း ပိုမိုရင့်သန်စေတယ်။ နောက်ပြီး ကမ္ဘာအနှံ့အပြားက ဗဟုသုတ တွေကိုလည်း တစ်ထိုင်တည်း ရရှိ စေပါတယ်။ ဒါကြောင့် ဒီလိုပွဲတော် မျိုးပြုလုပ်ပေးတဲ့အတွက် ဝမ်းသာ ပီတိဖြစ်မိပါတယ်။
နောက်ပြီး သမီးရဲ့ ရည်မှန်း ချက်က အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်တဲ့အတွက် သိပ္ပံနှင့် နည်း ပညာပြခန်းကိုလည်း လေ့လာ ဖြစ်ပါတယ်။ အခုခေတ်လူငယ် တွေဟာ စာပေနဲ့အလှမ်းဝေးပြီး ဖုန်းတွေကို အသုံးပြုတာများလာ ကြပါတယ်။ သမီးကိုယ်တိုင်လဲ ဒီလိုအခြေအနေမျိုးဖြစ်ခဲ့တယ်။ နောက်ပိုင်း စာအုပ်တွေဖတ်တာ များလာတော့ စာပေတွေအပေါ် စိတ်ဝင်စားလာတယ်။ စာပေဖတ်ရှု ခြင်းကျေးဇူးကြောင့် ယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်လာတယ်။ ဒါကြောင့် စာအုပ်စာပေဖတ်ရှုခြင်း ဟာ ဗဟုသုတတွေရတဲ့အပြင် မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ မြှင့်တင်ပေးနိုင်တဲ့အတွက် လူငယ် တိုင်း စာအုပ်စာပေကို ဖတ်ရှု သင့်ပါတယ်။ ဖုန်းတွေကနေ ဗဟု သုတကိုရှာနိုင်ပေမယ့် စာအုပ်က ရတဲ့ ဗဟုသုတက ဘာနဲ့မှ လဲလို့ မရပါဘူး။ ဒါကြောင့် စာပေ ပွဲတော်ကို အရောက်လာကြပါလို့ တိုက်တွန်း ပြောကြားလိုပါ တယ်။
ဦးကြာညို
(ဒုတိယညွှန်ကြားရေးမှူး၊
နေပြည်တော်တိုင်းပညာရေးရုံး)
လူငယ်နှင့် စာပေပွဲတော်မှာ ကျွန်တော်တို့ ပညာရေးဌာနရဲ့ ကျောင်းသား ကျောင်းသူတွေ ပါဝင်ဆင်နွှဲမှုအနေနဲ့ ဖျော်ဖြေရေး ကဏ္ဍမှာ၂၇၈ ဦး၊ ပြခန်းလေ့လာ ရေးမှာ ၁၁၀၀ ပါဝင်ဆောင်ရွက် ရပါတယ်။ ကျွန်တော်ကတော့ ဖျော်ဖြေရေးကြီးကြပ်နဲ့ သယ်ယူ ပို့ဆောင်ရေးတာဝန်ကို ဆောင် ရွက်သွားမှာပါ။ နိုင်ငံတော်က အခုလိုပွဲကြီး ကျင်းပပေးတာ ကျောင်းသား ကျောင်းသူတွေ အနာဂတ်အတွက် ကြီးမားတဲ့ အတွေ့အကြုံကောင်းတွေရမယ် လို့ ထင်ပါတယ်။ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ပွဲတော် ကြီးအတွင်း ခင်းကျင်းပြသထား တဲ့ ပြခန်းတွေကိုကြည့်ပြီးလေ့လာ သင်ယူချင်စိတ်၊ စူးစမ်းလိုစိတ်နဲ့ အသိပညာတွေလည်း တိုးပွားမှာ ပါ။ စာအုပ်စာပေခန်းများအပြင် နည်းပညာရပ်ပိုင်းဆိုင်ရာနဲ့ သက် ဆိုင်တဲ့ ရေကြောင်းအသိပညာ ရပ်ဆိုင်ရာပြခန်း၊ လေကြောင်း ပညာရပ်ဆိုင်ရာ ပြခန်းတွေကို လည်း ကျောင်းသား ကျောင်းသူ တွေ၊ လူငယ်တွေအသိပညာ ဗဟုသုတတိုးပွားစေဖို့ ထည့်သွင်း ပြသထားတဲ့အတွက် ကျေးဇူး တင်ပါတယ်။ အနာဂတ် မြန်မာ နိုင်ငံတော်ရဲ့ နည်းပညာနယ်ပယ် မှာ လူငယ် တွေ ဒီထက်နေရာယူ နိုင်တော့မယ်လို့လည်း ထင်မြင် မိပါတယ်။ ဒီပွဲတော်ကြီးဟာ ဗလ ငါးတန်နဲ့ ပြည့်စုံတဲ့ လူငယ်တွေ ထွက်ပေါ်လာအောင် လှုံ့ဆော် နှိုးဆွပေးနိုင်လိမ့်မယ်လို့ ယုံကြည် ပါတယ်။ လာရောက်လေ့လာခွင့် ရတဲ့သူတွေအတွက်လည်း ဝမ်းသာ မိသလို၊ ပွဲတော်ကြီးကို မလာရ သေးတဲ့သူတွေကိုလည်း တစ်ခါ တစ်ခေါက် လာရောက်လေ့လာ ကြပါလို့ ဖိတ်ခေါ်လိုပါတယ်။
တွေ့ဆုံမေးမြန်း - မျိုးဆက်သစ် ဓာတ်ပုံ - ခေတ်လူငယ်