
နေပြည်တော် ဇန်နဝါရီ ၁၃
စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် လူငယ်နှင့် စာပေပွဲတော်ကျင်းပ ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် လူငယ်နှင့်စာပေ ပွဲတော် အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်း ကျော်၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
သုံးရက်ကြာကျင်းပရန် စီစဉ်ထား
ရှေးဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ် လူငယ်နှင့်စာပေပွဲတော်ကို ယခင် က ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက် နှစ်ရက် တည်းသာ ကျင်းပရန် လျာထားခဲ့သော် လည်း ယခုအခါ တစ်ရက်ထပ်မံတိုး၍ ဇန်နဝါရီ ၃၁ ရက်အထိ သုံးရက်ကြာကျင်းပ ရန် စီစဉ်ထားပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများ၊ ဝန်ထမ်းမိသားစုများ လာရောက်လေ့လာ နိုင်ရေး စီမံဆောင်ရွက်ထားပြီး ယခင် လျာထားသော ပြခန်းများအပြင် သိပ္ပံနှင့် နည်းပညာဆိုင်ရာပြခန်း၊ လေကြောင်း ပညာရပ်ဆိုင်ရာပြခန်း၊ ရေကြောင်း ပညာရပ်ဆိုင်ရာပြခန်း၊ ကျန်းမာရေးဆိုင်ရာ ပြခန်းများကိုလည်း တိုးချဲ့ထည့်သွင်း ပြသရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုပွဲတော်အား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ဖေဖော်ဝါရီ ၁ ရက်တွင် ကျရောက်သည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အခမ်းနားဆုံးဖြစ် အောင် စီမံဆောင်ရွက်သွားမည်ဖြစ်ရာ ဝန်ကြီးဌာနအားလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာ ရပ်ခံလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီ တွဲဖက် အတွင်းရေးမှူးက ပွဲတော်ကျင်းပရေး အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအခြေအနေ၊ ပြခန်းများ/ လှုပ်ရှားမှုများ အတွက် နေရာချထားမှုများနှင့်စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ခင်းကျင်းပြသ မည့် ပြခန်းကို လူငယ်များအတွက် လွယ်လွယ်ကူကူ သိမြင်နိုင်စေရန်၊ ပျော်ရွှင်စေရန်၊ ပညာရပ်ဆိုင်ရာများ သိရှိစေရန် ရည်ရွယ်၍ ခင်းကျင်းပြသသွား မည်ဖြစ်ပါကြောင်း၊ လူငယ်နှင့်စာပေပွဲ တော်သည် အနာဂတ်မျိုးဆက်လူငယ်များ အား အသိပညာရရှိစေမည့် ပွဲတော်တစ်ခု ဖြစ်သည့်အားလျော်စွာ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပွဲတော်သို့ လာရောက် သည့် ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများ၊ ဝန်ထမ်းများအား မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြမည့် နိုင်ငံ့လက်ရွေးစင်များ၏ လေ့ကျင့် နေမှုနှင့် အားကစားဆိုင်ရာ ပြခန်းကို ပါဝင်ပြသသွားမည်ဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဦးရဲတင့်၊ ဗိုလ်မှူးချုပ်လူမွန်၊ ဦးဇော်ဝင်းနှင့် တက်ရောက်လာကြသူများက (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်