
နေပြည်တော် ဒီဇင်ဘာ ၂၁
လူငယ်နှင့် စာပေအနုပညာပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည် ယနေ့မွန်းလွဲ ပိုင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော် ဒုတိယနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနေမှုကို ကြည့်ရှုအားပေး သည်။
ဦးစွာ လူငယ်နှင့်စာပေအနု ပညာပွဲတော် ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးသည် MRTV-4 ရုပ်သံလိုင်း မှ အစီအစဉ်တင်ဆက်သူများနှင့် ဇာတ်လမ်းတွဲ သရုပ်ဆောင်များ ဦးဆောင်၍ “လူငယ်နှင့်အကောင်း မြင်စိတ်” ခေါင်းစဉ်ဖြင့် လူငယ် စကားဝိုင်း ကျင်းပဆွေးနွေးနေမှု ကို တက်ရောက်ကြည့်ရှုအားပေး ပြီး ဦးဆောင်ဆွေးနွေးပေးခဲ့ကြ သည့် အနုပညာရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။
အဆိုပါ ဆွေးနွေးပွဲတွင် MRTV-4 ရုပ်သံလိုင်းမှ အစီအစဉ် တင်ဆက်သူများနှင့် ဇာတ်လမ်း တွဲသရုပ်ဆောင်များက စာပေ လေ့လာဖတ်ရှုခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ၊ စာပေနှင့်အနု ပညာကဏ္ဍမှတစ်ဆင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက် နိုင်မှုအခြေအနေ၊ လူငယ်ဘဝတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်း လမ်းများ၊ လူငယ်ဘဝမှစတင်၍ အကောင်းမြင်စိတ် မွေးမြူခြင်း အားဖြင့် အောင်မြင်မှုရရှိစေမည့် အခြေအနေများ၊ တိုင်းပြည်တာဝန် ကို ပခုံးပြောင်းတာဝန်ထမ်းဆောင် ကြမည့် လူငယ်များအနေဖြင့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေး ကြိုးစားအားထုတ်ရမည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ကျောင်းသား ကျောင်းသူများနှင့် လူငယ်များက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် လူငယ်များ ဗဟုသုတရဖွယ် အကြောင်းအရာများနှင့် နိုင်ငံ ကျော်အနုပညာရှင်များ၏ ဖျော်ဖြေ ရေး အစီအစဉ်ကောင်းများလည်း ပါဝင်သည့်အတွက် ကျောင်းသား လူငယ်များအပြင် စိတ်ဝင်စားသည့် ပြည်သူများဖြင့်လည်း မြိုင်မြိုင် ဆိုင်ဆိုင် စည်ကားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ ဟာသ ပညာရှင်များ အစည်းအရုံးမှ အနုပညာရှင်များ ဖြစ်ကြသည့် ဒိန်းဒေါင်၊ ငြိမ်းချမ်း၊ အုန်းသီး၊ ချစ်စံ၊ ကျော်ထက်နှင့် အငြိမ့် မင်းသမီး နေခြည်ငြိမ်းချမ်းတို့က ပွဲတော်လာပြည်သူများ စိတ်အေး ချမ်းပျော်ရွှင်မှု ရှိစေရန်အတွက် “ရွှေမြန်မာ” အငြိမ့်ဖြင့် ဖျော်ဖြေ တင်ဆက်နေမှုများကို ကြည့်ရှု အားပေးသည်။
ယင်းနောက် လူငယ်နှင့်စာပေ အနုပညာပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးသည် ပွဲတော်အတွင်း ဝန်ကြီးဌာနအလိုက် စိတ်ဝင်စား ဖွယ် ခင်းကျင်းပြသထားသည့် ပြခန်း၊ ပြကွက်များ၊ ကျောင်းသား လူငယ်များ စာပေနှင့် ရင်းနှီးပြီး စာပေ၏အကျိုးကျေးဇူးကို သိရှိ နိုင်စေရန် စာအုပ်၊ စာစောင် ခင်းကျင်းပြသထားမှုများ၊ စိတ်ဝင် စားပျော်ရွှင်ဖွယ် စီစဉ်ဆောင်ရွက် ပေးထားသည့် ကစားနည်းများနှင့် ဉာဏ်စမ်းပဟေဠိ ကစားနည်းများ တွင် ပွဲတော်လာပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေကြမှု များနှင့် ပွဲတော်လာပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သုံးဆောင် နိုင်ရန် တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များ ဖွင့်လှစ် ရောင်းချပေးနေမှုများကို လိုက်လံ ကြည့်ရှုအားပေးပြီး ပွဲတော်သို့ လာရောက်ကြသည့် ကျောင်းသား လူငယ်များနှင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့သည်။
သတင်းစဉ်