လူငယ်များကို အကြမ်းဖက်အုပ်စုများနှင့် ဆက်သွယ်ခြင်းမပြုရန် မိုဇမ်ဘစ်သမ္မတတိုက်တွန်း

 

မပူတို သြဂုတ်  ၉ 


နိုင်ငံတွင်းရှိ  လူငယ်များသည် အကြမ်းဖက်   အုပ်စုများနှင့် ဆက်သွယ်ရန် ကမ်းလှမ်းချက် များကို လက်မခံဘဲ ငြင်းဆိုရန် နှင့်    လူနေမှုစရိတ်စကများ ကြီးမြင့်လာခြင်းနှင့်   အလုပ် အကိုင်များ   ရှာဖွေရာတွင်  ရင်ဆိုင်ကြုံတွေ့နိုင်သည့် ဒုက္ခ အခက်အခဲများကို   ကျော်လွှား ရာတွင် တရားမဝင်  နည်းလမ်း များ အသုံးမပြုဘဲ ရှောင်ရှားကြ ရန် မိုဇမ်ဘစ်သမ္မတ ဖီးလစ်နူစီ က   သြဂုတ်  ၈    ရက်က တိုက်တွန်း         ပြောကြားလိုက် သည်။ 

 


မိုဇမ်ဘစ်နိုင်ငံ   မြို့တော် မပူတိုတွင်  ကျင်းပသော  (၇)ကြိမ် မြောက်အမျိုးသား       လူငယ် တွေ့ဆုံပွဲ    ဖွင့်ပွဲအခမ်းအနားတွင် သမ္မတက       နိုင်ငံနှင့်အဝန်း တက်ရောက်လာသည့်     ကိုယ်စား လှယ်များကို   ထိုသို့   ပြောကြား လိုက်ခြင်း ဖြစ်သည်။ 

 


အဆိုပါ           အခမ်းအနား တွင် အကြမ်းဖက်သမားများကို ရှေ့တန်းမှ  ဆန့်ကျင်တိုက်ခိုက်ခဲ့ ပြီး  နိုင်ငံကို အသက်ပေးကာကွယ် ပေးခဲ့သော           ငယ်ရွယ်သော တပ်မတော်     တပ်ဖွဲ့ဝင်များကို  သမ္မတက    အလေးပြုခဲ့သည်။

 


လက်ရှိ   အခြေအနေသည် နိုင်ငံကို နောက်သို့ဆွဲချနေသည့် မကောင်းကျိုးများ  ပြည့်နေချိန် ဖြစ်သည့်အတွက်  လူငယ်များကို မျိုးချစ်စိတ်ဓာတ် ပိုမိုမွေးမြူကြ ရန်နှင့်  နိုင်ငံဒုက္ခအကျပ်အတည်း များကို ဖြေရှင်းရာတွင် ထိုးထွင်း ဉာဏ်နှင့်  ဆန်းသစ်သောသဘော ထားများ  အသုံးပြုဖြေရှင်းကြရန် သမ္မတက တိုက်တွန်းခဲ့သည်။ 

 


ဒုက္ခအကျပ်အတည်းများသည်      လူငယ်များကို    တရားမဝင်သည့် လုပ်ရပ်များနှင့်    အကြမ်းဖက် လုပ်ရပ်များကို   စဉ်းစားရန်နှင့် လက်ခံယုံကြည်ရန်      မည်သည့် အခါမှ           လှုံ့ဆော်မှုပြုနိုင်မည်  မဟုတ်ကြောင်း       သမ္မတက  ပြောသည်။

 


လူငယ်များ            ဖြတ်ကျော် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ကို   အပြည့်အဝ  စောင့်ကြည့် လျက်ရှိကြောင်းနှင့်   အခက်အခဲ များကို          ကျော်လွှားနိုင်ရန် သက်မွေးဝမ်းကျောင်း သင်တန်း များနှင့် နည်းပညာလေ့ကျင့်ရေး  သင်တန်းများ     ကဲ့သို့သော သင်တန်းများ       ပေးမည်ဖြစ် ကြောင်း    ၎င်းက     ထပ်မံ  ပြောကြားသည်။

 


လူငယ်များကို   ကိုယ်ပိုင် အလုပ်များ ဖန်တီးလုပ်ကိုင်နိုင် ရန်နှင့် ဖွံ့ဖြိုးတိုးတက်နေသောလုပ်ငန်းများတွင်  အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်လည်း တိုက်တွန်းခဲ့သည်။    

ဆင်ဟွာ