
နေပြည်တော် ဧပြီ ၁၉
ကမ္ဘာ့အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization- WIPO) နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်း စီစဉ်ဆောင်ရွက်သည့် “ကမ္ဘာ့အသိဉာဏ် ပစ္စည်း မူပိုင်ခွင့်အဖွဲ့နှင့် အာဆီယံဒေသတွင်းညီလာခံအား လူငယ်များအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို တီထွင်ဆန်းသစ်မှုများဖြင့် ဖော်ဆောင် ကြစို့” အစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အထိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ Online ဆွေးနွေးပွဲသို့ တက်ရောက်ရန် စိတ်ပါဝင်စားသူ များသည် https://www.wipo.int/meetings/en/ details.jsp?meeting_id=70428 မှတစ်ဆင့် အမည်စာရင်း ပေးသွင်းနိုင်ပြီး အစီအစဉ်နှင့် ပတ်သက်၍ သိရှိလိုသည်များကို လူငယ်ရေးရာ ဦးစီးဌာန၊ တယ်လီဖုန်း အမှတ် ၀၆၇-၃၄၁၃၉၄၇၊ ၀၉-၇၇၇၃၃၃၅၄၅၊ ၀၉-၄၂၅၃၂၅၁၃၃ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။ သတင်းစဉ်