လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အလွတ်တန်းဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

 

ပျဉ်းမနား  ဧပြီ   ၇   


ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင် ပြီး     အားကစားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်  လာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ စွမ်းအား များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်   အလွတ်တန်း ဖိတ်ခေါ်   ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို    ယနေ့ နံနက် ၈ နာရီက   လူထုအခြေပြု ဗဟိုဌာန(ပျဉ်းမနား)၌  ကျင်းပ သည်။

 


ရှေးဦးစွာ    နေပြည်တော် အားကစားနှင့်     ကာယပညာ ကော်မတီဥက္ကဋ္ဌ  နေပြည်တော် ကောင်စီအဖွဲ့ဝင်   ဦးမြင့်စိုးက  အမှာစကား ပြောကြားသည်။

 


ထို့နောက်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)မှ   ညွှန်ကြားရေးမှူး  ဦးကျော်ဆင့်က   လူထုအခြေပြု ဗဟိုဌာနများတွင် သင်တန်းများဖွင့်လှစ်ဆောင်ရွက်နေမှု၊ ဘာသာ စကားသင်တန်းများ ဖွင့်လှစ်ပေး နေမှုနှင့်  ကာယ၊   ဉာဏဆိုင်ရာ ပြိုင်ပွဲများ ကျင်းပဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 


ထို့နောက် ပျဉ်းမနားမြို့နယ်ပိုက်ကျော်ခြင်းအဖွဲ့မှ  ဒိုင်လူကြီး ဦးနေဇော်အောင်က ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို    ရှင်းလင်း ပြောကြားသည်။

 


ဆက်လက်၍  နေပြည်တော် အားကစားနှင့်        ကာယပညာ ကော်မတီဥက္ကဋ္ဌ  နေပြည်တော် ကောင်စီအဖွဲ့ဝင်   ဦးမြင့်စိုးက အားကစားပစ္စည်းများကို ထောက်ပံ့ ပေးအပ်ရာ     ပျဉ်းမနားမြို့နယ် ဦးစီးအရာရှိ   ဦးဇော်မင်းလွင်က လက်ခံရယူသည်။
ယင်းနောက်   နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့်   တာဝန်ရှိသူ များက ပိုက်ကျော်ခြင်းအသင်းများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။ 

 


အလွတ်တန်းဖိတ်ခေါ်  ပိုက် ကျော်ခြင်းပြိုင်ပွဲကို ပြည်ထောင်စု နယ်မြေ  နေပြည်တော်အတွင်းရှိ မြို့နယ်များမှ ပိုက်ကျော်ခြင်းအသင်း ၁၂ သင်းတို့      ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိပြီး   ဧပြီ ၉  ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။    


ခန့်ဝင်းကျော်(ပြန်/ဆက်)