“လူငယ်အားမာန်မိုးထိလျှံ အငြိမ့်”  ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်  ဖေဖော်ဝါရီ   ၁၆


ပြည်သူများ  အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက် ရှိရာ “ လူငယ်အားမာန်မိုးထိလျှံ အငြိမ့်”    ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ  ၁၉ ရက်(စနေနေ့) ည ၈ နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 


ယင်းဖျော်ဖြေမှုကို ရွှေရှမ်းအောင်က စီစဉ်ပြီး မြန်မာပြည်သား ပြူးစိန်(ဆိုင်း)၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး  ဝမ်းကေဇင်၊  ရှေ့ထွက်မင်းသမီး  သွန်းမုဒြာ၊  လူရွှင်တော်များဖြစ်ကြသည့် ဒိုးဒိုး၊ ပြည်ချစ်၊ ဖြိုးကြွယ်နှင့် ကော်ဖီတို့က  ဖျော်ဖြေတင်ဆက် ကြမည်ဖြစ်သည်။

 


 ထိုသို့ တင်ဆက်မှုကို ဖေဖော်ဝါရီ  ၂၀ ရက် (တနင်္ဂနွေနေ့) မွန်းလွဲပိုင်း National News အင်္ဂလိပ်ဘာသာသတင်း အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်