လူနာတွေကို လက်ခံထားမယ့် ဆေးရုံကို ရှာဖွေဖို့ ရုန်းကန်နေရတဲ့ ဂျပန်

 

နွယ်နီလင်း
 

 

ဂျပန်နိုင်ငံမှာ လူနာ ၇၀၀၀ ကျော် စံချိန်တင် မြင့်တက်လာတဲ့အတွက်   လူနာတင် ယာဉ်တွေဟာ လူနာတွေကို လက်ခံထားမယ့် ဆေးရုံကိုရှာဖွေဖို့ ရုန်းကန်နေရတယ် လို့ ဂျပန်နိုင်ငံ အရေးပေါ်အာဏာပိုင်များက ဆိုတယ်။
လူနာအရေအတွက်မှာ
 တိုးလာဖွယ်ရှိ
ပြီးခဲ့တဲ့နှစ်ကုန်ကာလနဲ့  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေတဲ့   အချိန်အတွင်း ဆေးဘက်ဆိုင်ရာ  အဖွဲ့အစည်းတွေကို  ပိတ်ပစ်ခဲ့တဲ့အတွက်ကြောင့်   အဆိုပါ လူနာအရေအတွက်မှာ    တိုးလာဖွယ်ရှိ တယ်လို့    မီးသတ်နှင့်  သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အေဂျင်စီက ပြောတယ်။
အဆိုပါအေဂျင်စီက အပတ်စဉ် နိုင်ငံ တစ်ဝန်း   အရေးပေါ်ဌာနချုပ်  ၅၂ ခုမှ ပို့ဆောင်ရေးခက်ခဲတဲ့         လူနာအရေ အတွက်ကို မှတ်တမ်းတင်ထားတယ်။ ၎င်းတို့ထဲတွင်   လူနာတစ်ဦးကို   မပို့ ဆောင်မီ လေးခု သို့မဟုတ် လေးခုထက် ပိုတဲ့ဆေးရုံတွေကို မေးမြန်းဖို့ အရေးပေါ် တုံ့ပြန်ရေးသမားတွေ ပါဝင်ပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်က အလားတူရက်သတ္တပတ်ကထက် 
ရှစ်ဆနီးပါးရှိ
ဒီဇင်ဘာ ၂၆ ရက်မှ ဇန်နဝါရီ ၁ ရက် အထိ တစ်ပတ်အတွင်း လူနာ ၇၁၅၈ ဦး ရှိပြီး     အစောပိုင်း    သီတင်းပတ်က သတ်မှတ်ထားတဲ့ စံချိန်ထက် ၃၆၈ ဦး မြင့်တက်လာတယ်လို့      အေဂျင်စီမှ တာဝန်ရှိသူတွေက ဆိုတယ်။  ၎င်းတို့ ထဲမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၃၁၁ ဦး ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်းရှိ ပါတယ်။  အဆိုပါ ပမာဏမှာ ကိုဗစ်-၁၉ ကပ်ရောဂါစတင်မဖြစ်ပွားမီ  လွန်ခဲ့တဲ့ သုံးနှစ်က    အလားတူရက်သတ္တပတ် ကထက်  ရှစ်ဆ  နီးပါးရှိပါတယ်။
ကိုဗစ်-၁၉ ရောဂါနဲ့ ရာသီတုပ်ကွေး ရောဂါ နှစ်ဆဖြစ်ပွားနိုင်ခြေကို ထိန်းချုပ် ဖို့အတွက် ခရိုင်အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ဖို့ အေဂျင်စီက စီစဉ်နေတယ်။
ထို့ပြင်  ဂျပန်နိုင်ငံမှာ  ဇန်နဝါရီလ လယ်မှစကာ ကိုဗစ်-၁၉ နေ့စဉ် ကူးစက် မှုနှုန်းမှာ သိသိသာသာမြင့်တက်လာနိုင် ဖွယ်ရှိပြီး  ယခင်က  သတ်မှတ်ထားတဲ့ စံချိန်ကို ကျော်လွန်နိုင်တယ်လို့   ဂျပန် နိုင်ငံမှ ကိုဗစ်-၁၉ ကျွမ်းကျင်သူ တစ်ဦး က သတိပေးထားပါတယ်။ 
ကပ်ရောဂါ သတ္တမလှိုင်းအတွင်း ကူးစက်ဖြစ်ပွားတဲ့ 
အမြင့်ဆုံး ပမာဏထက်ပိုများ
အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်အကြံပေးအဖွဲ့၊ တိုဟိုတက္ကသိုလ်မှ ပါမောက္ခဖြစ်သူ တာတဲဒါ ခါဇူဟီရိုက ကိုဗစ်-၁၉ နေ့စဉ် ကူးစက်မှုနှုန်းမှာ အစိုးရ၏ အစောပိုင်းက        ခန့်မှန်းချက်ဖြစ်တဲ့         နိုင်ငံတစ်ဝန်း ကူးစက်ခံရသူ အရေအတွက် ၄၅၀၀၀၀ ကို   ရောက်ရှိနိုင်တယ်လို့  ဆိုတယ်။ အဆိုပါ    ပမာဏမှာ   ဂျပန်နိုင်ငံရှိ  ပြီးခဲ့တဲ့   နွေရာသီကာလ   ကပ်ရောဂါ သတ္တမလှိုင်းအတွင်း   ကူးစက်ဖြစ်ပွား တဲ့    အမြင့်ဆုံး   ပမာဏထက်    ပိုများ ပါတယ်။ 
ခုတင်လိုအပ်မှုနှုန်း 
မြင့်မားလာ
ကိုဗစ်-၁၉ ကူးစက်မှုအရေအတွက် မြင့်မားလာခြင်းကြောင့်  အပြင်းဖျား လူနာများအပါအဝင် ၎င်း၏ တက္ကသိုလ် ဆေးရုံများရှိ ခုတင် လိုအပ်မှုနှုန်း မြင့်မား လာတယ်လို့    ပါမောက္ခ  တာတဲဒါက ဆိုတယ်။
လေဖြတ်ခြင်းကဲ့သို့သော   အခြား ဖျားနာမှုများကြောင့် ဆေးရုံတက်ရောက် ခဲ့ရတဲ့ လူနာအများအပြားမှာ နောက်ပိုင်း တွင် ကိုဗစ်-၁၉  ရောဂါလက္ခဏာများ တွေ့ရှိ ရသောကြောင့် ဆေးရုံတွင်းရောဂါ ကူးစက်မှုကို    ကာကွယ်ဖို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု အဆောက် အအုံတွေဟာ  ဝန်ပိနေတယ်လို့ ၎င်းက ဆိုတယ်။ 
တစ်ရက်တည်း သေဆုံးသူ 
၄၅၆ ဦးရှိ
ဇန်နဝါရီ ၆ ရက် တစ်ရက်တည်းမှာ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ နဲ့ဆက်စပ်ပြီး သေဆုံးသူ ၄၅၆ ဦးရှိတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက   ဆိုတယ်။    အဆိုပါ သေဆုံးမှုနှုန်းဟာ     ကပ်ရောဂါစတင် ဖြစ်ပွားတဲ့အချိန်မှစကာ  ဂျပန်နိုင်ငံမှာ တစ်ရက်တည်းသေဆုံးမှုနှုန်း အမြင့်ဆုံး ပမာဏ ဖြစ်တယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ကလည်း သေဆုံးသူ ၄၂၀ရှိပါတယ်။
လူသေဆုံးမှုတွေ 
ပိုလာနိုင်
ဂျပန်နိုင်ငံတစ်ဝန်း တစ်ရက်တည်း ကိုဗစ်-၁၉ နောက်ထပ် ကူးစက်ခံရသူ အရေအတွက်မှာ ၂၄၅၅၄၂ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုတယ်။ ရောဂါကူးစက်မှုကို  မတားဆီးနိုင်ဘူး ဆိုပါက   ဝန်ပိနေတဲ့  ဆေးရုံအခြေအနေ ကြောင့် လူသေဆုံးမှုတွေ ပိုလာနိုင်တယ် လို့ တာတဲဒါက ဆိုတယ်။
 ထို့ပြင် ရာသီတုပ်ကွေးရောဂါလည်း တစ်ပြိုင်နက်တည်း  ဖြစ်ပွားနိုင်ခြေရှိ တယ်လို့ ၎င်းက မှတ်ချက်ပြုထားတယ်။ အခြေခံရောဂါ တိုက်ဖျက်ရေးအစီအမံ များကို လိုက်နာရန်နဲ့ သတိရှိရှိနေထိုင်ကြ ရန် ပြည်သူတွေကို ၎င်းက တိုက်တွန်း ထားတယ်။
အိမ်မှာ အားဖြည့်နေထိုင်ရန် တိုက်တွန်း
ပြင်းထန်တဲ့   ရောဂါလက္ခဏာတွေ ဖြစ်ပွားနိုင်ခြေနည်းတဲ့ စမ်းသပ်ကိရိယာ တွေကို   အသုံးပြုဖို့နဲ့  ဆေးရုံတွေမှာ ပူပင်သောကဒဏ်လျော့ကျစေဖို့ အိမ်မှာ အားဖြည့်နေထိုင်ရန်     ပြည်သူများကို ၎င်းက တိုက်တွန်းထားတယ်။
ဒေသန္တရကျန်းမာရေး စောင့်ရှောက်မှုကို 
အသုံးပြုဖို့ မှတ်ချက်ပြု
ထို့ပြင်  အွန်လိုင်းဆေးဘက်ဆိုင်ရာတိုင်ပင်ဆွေးနွေးမှုတွေကဲ့သို့  ဒေသန္တရ ကျန်းမာရေး စောင့်ရှောက်မှု နောက်ဆက် တွဲစင်တာတွေကို  အသုံးပြုဖို့   ၎င်းက မှတ်ချက်ပြုထားတယ်။      ။
ကိုးကား- အင်န်အိတ်ချ်ကေ