
ချစ်စုဝေ(ပြန်/ဆက်)
ရန်ကုန်အရှေ့ပိုင်းခရိုင် မင်္ဂလာ တောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ရုံရှိ APC ကိုဗစ်-၁၉ ကုသရေးစင်တာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများကို ကုသ ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှု များနှင့်ပတ်သက်၍ ဩဂုတ် ၁၂ ရက် တွင် တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းထားပါသည်။
ဦးကိုကိုလတ် ( Chairman / CEO)
Asia Pacific Business Group Public Company Limited
မေး ။ ။ ဒီကနေ့ ဖွင့်လှစ်လိုက်တဲ့ ကိုဗစ်-၁၉ ကုသရေးစင်တာ မှာ လူနာတွေအတွက် ဘယ်လိုဆောင် ရွက်ပေးထားလဲဆိုတာ သိပါရစေရှင့်။
ဖြေ ။ ။ APC ကိုဗစ်-၁၉ ကုသရေး စင်တာမှာ တက်လာမယ့်လူနာတွေကို အစစအရာရာ စရိတ်ငြိမ်း ပေါ့။ ငွေကြေးတစ်စုံတစ်ရာ ပေးစရာ မလိုဘဲ ကုသလို့ရအောင် ဆောင်ရွက် ပေးထားပါတယ်။ အစားအသောက် လည်းကျွေးဖို့ အစီအစဉ်ရှိတယ်။ လူနာစောင့်တွေအတွက်ပါ ကျွေးဖို့ ရှိတယ်။ ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ လည်း ဘာမှပူစရာ မလိုပါဘူး။ ကျွန်တော်တို့ဘက်က အားလုံးတာဝန် ယူပြီးတော့ ဆေးဝါးကုသပေးမှာ ဖြစ်ပါ တယ် ခင်ဗျာ။
မေး ။ ။ ဒီနေရာမှာကုသနိုင်ဖို့ လူနာ တွေဘက်က ဘယ်လို ထောက်ခံချက်တွေလိုသလဲ၊ ငွေကြေး တစ်စုံတစ်ရာ ကျခံရမှာမျိုး ရှိပါသလား သိပါရစေရှင့်။
ဖြေ ။ ။ ငွေကြေးအားဖြင့်တစ်ပြားမှ ပေးစရာမလိုပါဘူး။ သူတို့အနေနဲ့ သက်ဆိုင်ရာ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက တစ်ဆင့် ညွှန်းပို့ လုပ်တာမျိုး ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုဗစ်ကြီးကြပ်ရေး ကော်မတီကနေ ပို့တာမျိုးလည်း ရပါ တယ်။ ဒါမှမဟုတ် လူနာက ဆက်သွယ် ရတာခက်ခဲလို့ လူနာရဲ့အောက်ဆီဂျင် ( ၉၃ နဲ့ ၇၀ ) ကြားဆိုရင် ကျွန်တော်တို့ စင်တာကို တိုက်ရိုက်ဆက်သွယ်ပြီး လာလို့ရပါတယ် ခင်ဗျာ။
မေး ။ ။ ယခုလက်ရှိ လူနာ ၅၀ ကနေ နောက်ထပ်တိုးချဲ့ ကုသဖို့ အစီအစဉ်ရှိပါသလားရှင့်။
ဖြေ ။ ။ ကျွန်တော်တို့ကုမ္ပဏီ အနေ နဲ့ ယခုလူနာ ၅၀ ကို တစ်ပိုင်တစ်နိုင် ကုသကြည့်မယ်။ လုပ်ကြည့်လို့အဆင်ပြေလာတယ်ဆိုရင်တော့ လူနာ ၂၀၀အထိ တိုးချဲ့ပြီး ကုသပေးဖို့ အစီအစဉ် ရှိပါတယ်။
မေး ။ ။ APC ကိုဗစ်-၁၉ ကုသရေး စင်တာကို အဓိက လုပ် ဆောင်ဖြစ်တဲ့ အကြောင်းရင်းနဲ့ APC Group အနေနဲ့ ကိုဗစ်-၁၉နဲ့ ပတ်သက် ပြီး ဆောင်ရွက်နေမှုအခြေအနေကို သိပါရစေရှင်။
ဖြေ ။ ။ ကျွန်တော်တို့ Asia Pacific Business Group Public Company Limited အနေနဲ့ ရှယ်ယာရှင် တွေပူးပေါင်းပြီး ငွေကြေးစိုက်ထုတ်မှု တွေနဲ့ ဒီစင်တာကို ဆောင်ရွက်တာ ဖြစ်ပါ တယ်။ အဓိကအနေနဲ့ တစ်နိုင်ငံလုံးမှာ ဆေးရုံတက်ရောက်ဖို့ အခက်အခဲ ကြုံ တွေ့နေရသူတွေ၊ ဆေးရုံတက်ချင်ပေမယ့် လည်း ဆေးရုံမှာ ခုတင်လုံလောက်မှု အခက်အခဲတွေအတွက် အခုလို ဆောင် ရွက်ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ နောက်မကျဘူးလို့တော့ ထင်ပါ တယ်။ ပြင်ဆင်ခဲ့တာတော့ နှစ်လလောက် ရှိပါပြီ။ စီးပွားရေးသမားတွေ ပူးပေါင်းပြီး တော့ ငွေကြေးစုဆောင်းမှုတွေ သေချာ အောင်၊ တိကျအောင် ဆောင်ရွက်ပြီးမှ ဆေးလာရောက်ကုသသူတွေ လိုလေသေး မရှိအောင် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးထားပါတယ်။
မေး ။ ။ ဒီကုသရေးစင်တာကြီး ပေါ် ပေါက်လာတာနဲ့ ပတ်သက်ပြီး ဦးဆောင်သူတွေဘက်က ဝမ်းမြောက် စကားလေးကြားသိပါရစေရှင့်။
ဖြေ ။ ။ ကျွန်တော်တို့ ဘက်ကနေ ဒီစင်တာကြီးကို အောင်မြင်အောင် မျှော်မှန်းထားပါတယ်။ အဓိက ကတော့ ဆရာဝန်များရဲ့ကုသမှုအပိုင်း ပါ။ ဒီစင်တာမှာ ဆရာဝန်တော်တော် များများကလည်း ပူးပေါင်းပြီး ပါဝင်ပါ တယ်။ ဆရာဝန် ရှစ်ဦးနဲ့ ကုသပေးသွား မှာ ဖြစ်ပါတယ်။ လူနာတွေ တစ်ဖက် တစ်လမ်းက အခက်အခဲဖြစ်နေတာကို ကူညီဖြည့်ဆည်းခွင့်ရတဲ့အတွက် အများ ကြီး ဝမ်းသာမိပါတယ်ခင်ဗျာ။
ဒေါက်တာရည်မွန်လှိုင်
(စေတနာ့ဝန်ထမ်း)
မေး ။ ။ APC ကိုဗစ်-၁၉ ကုသရေး စင်တာမှာ ဒေါက်တာတို့အနေ နဲ့ ဘယ်လိုကဏ္ဍကနေ ပူးပေါင်းပါဝင် သွားမှာလဲဆိုတာ သိပါရစေရှင့်။
ဖြေ ။ ။ ကျွန်မတို့က စေတနာ့ဝန်ထမ်း အနေနဲ့ရော၊ ဆရာဝန်အနေနဲ့ ရော ပူးပေါင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ကုသရေးပိုင်းမှာဆိုရင် သမားတော်လည်းရှိပါတယ်။ ကုသပေး မယ့် ဆရာဝန်တွေလည်း ရှိပါတယ်။
မေး ။ ။ လူနာတွေအတွက် ကုသရေး အပိုင်းအနေနဲ့ ပြင်ဆင်ဆောင် ရွက်ထားရှိမှု အခြေအနေတွေကိုလည်း သိပါရစေရှင့်။
ဖြေ ။ ။ ကုသမှုအပိုင်းမှာဆိုရင် သမား တော်ကတော့ Guideline တွေ ချပေးပါတယ်။ အဲဒီအတိုင်း ကုသမှုတွေ ကို ဆက်လုပ်ပေးသွားမယ်။ အောက်ဆီ ဂျင်ကလည်း လုံလုံလောက်လောက် ပေးနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အောက်ဆီဂျင် လီတာ ၄၀ အလုံး ၃၀၀ လောက် စီစဉ်ထားတယ်။ နောက် Concentrator အပိုင်းနဲ့ပတ်သက်ပြီး တော့လည်း ခုတင် ၅၀ စာကို တစ်ယောက် တစ်လုံးထားရှိပေးထားလို့ အောက်ဆီ ဂျင် Supply လုံလုံလောက်လောက် ပေးနိုင်မယ်လို့ ယူဆပါတယ်။
ဦးခင်မောင်ဝင်း (အဖွဲ့ခေါင်းဆောင်)
APC ကိုဗစ်-၁၉ ကုသရေးစင်တာ
သယ်ယူပို့ဆောင်ရေးအဖွဲ့
မေး ။ ။ APC ကိုဗစ်-၁၉ ကုသရေး စင်တာမှာ တာဝန်ယူဆောင်ရွက်သွားမယ့်အပိုင်းနဲ့ ဆောင်ရွက်သွား မယ့် လုပ်ငန်းအစီအစဉ်တွေကို သိပါရ စေရှင်။
ဖြေ ။ ။ ကျွန်တော်တို့ ဩဂုတ် ၁၂ ရက် ညနေ ၅ နာရီကစလို့ ကိုဗစ်လူနာတွေကို စတင်လက်ခံ ပါတယ်။ လူနာတွေက ကျွန်တော်တို့ စင်တာဖုန်းနံပါတ်ဖြစ်တဲ့ ၀၉-၄၂၂၅၇၇- ၇၇၅ ကို ဆက်သွယ်ရမှာပါ။ ဆရာဝန် တွေက လက်ခံကုသမယ့် သူတွေကို ကျွန်တော်တို့က အရေးပေါ် ICU မှာ အရင်ထည့်ပါမယ်။ ပြီးရင် အထဲမှာ ဆက်လက် ကုသပေးမှာ ဖြစ်ပါတယ်။ Positive လူနာတွေကိုပဲ လက်ခံကုသ ပေးမှာပါ။ Negative ဆိုရင်တော့ လက်မခံပါဘူး။
အခုလက်ရှိ လူနာတွေ ကို နိုင်နိုင် နင်းနင်းကုသမှုပေးနိုင်ရင်တော့ နောက်ထပ်လူနာတွေ လက်ခံကုသပေး ဖို့ စီစဉ်ထားပါတယ်။ ကျွန်တော် တာဝန်ယူရတဲ့ အပိုင်းကတော့ လူနာ တွေကို သယ်ယူပို့ဆောင်ပေးရတဲ့ အပိုင်းပါ။ စင်တာကို ဖုန်းဆက်ပြီး စင်တာက လက်ခံကုသပေးမယ့်လူနာ တွေကို အိမ်လိပ်စာ အတိအကျနဲ့ သွားရောက်ခေါ်ဆောင်မှာပါ။ အရေး ပေါ်ကား ၁၂ စီးထားရှိ ဆောင်ရွက်သွား မှာပါ။ လူနာကိုခေါ်ဆောင်ရာမှာလည်း ငွေကြေးတစ်စုံတစ်ရာ ပေးရတာမျိုး မရှိပါဘူး။ လူနာတွေအတွက်လည်း နံနက်စာ၊ နေ့လယ်စာနဲ့ ညစာတွေကို စင်တာကနေပဲ ကျွေးမွေးမှာဖြစ်ပါ တယ်။ ဆေးဝါးလည်း အားလုံး အဆင်သင့်ရှိပါတယ် ခင်ဗျာ။