လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများမှ ကျောင်းအခြေပြုသင်တန်းများ ဖွင့်လှစ်လျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၁၀


လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန   လူမှုဝန်ထမ်း ဦးစီးဌာနက   ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့်      ထားဝယ်မြို့တို့၌     အိမ်တွင်းမှု သက်မွေးလုပ်ငန်း  ပညာသင်ကျောင်းများကိုဖွင့်လှစ်ထားရှိကာ    စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊  ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ် နည်းသင်တန်း၊  အစားအစာချက်ပြုတ်နည်း သင်တန်းနှင့်   ပန်းအလှပြင် သင်တန်းစသည့် သင်တန်းများကို  ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် ရှစ်ခု၊   အပတ်စဉ်တစ်ခု လျှင် ခြောက်ပတ်ကြာ   သင်ကြားပေးလျက်ရှိသည်။ 

 


အဆိုပါ    အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်အတွက်   သင်တန်းအပတ်စဉ်(၃/၂၀၂၂) ကို  ဇူလိုင် ၂၅ရက်မှ စက်တင်ဘာ ၂ ရက်အထိ ဖွင့်လှစ်လျက်ရှိပြီး     အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း  ၁၀ ကျောင်းတွင် ဩဂုတ်   ၈   ရက်အထိ      သင်တန်းသား သင်တန်းသူ    ၄၅၉   ဦး   တက်ရောက်လျက်  ရှိကြောင်း သိရသည်။
    

သတင်းစဉ်