
နေပြည်တော် မေ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ် မြို့တို့တွင် အိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်ကျောင်းများ ကို ဖွင့်လှစ်ထားရှိကာ စက်ချုပ် သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်း၊ အစားအစာ ချက်ပြုတ်နည်း သင်တန်းနှင့် ပန်းအလှပြင် သင်တန်းစသည့် သင်တန်းများကို ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းအပတ်စဉ် ရှစ်ခု၊ အပတ် စဉ် တစ်ခုလျှင် ခြောက်ပတ်ကြာ သင်ကြား ပေးလျက်ရှိသည့် အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့ များတွင် လည်း အထူးသင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိ သည်။
အဆိုပါ အိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်ကျောင်းများ ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် သင်တန်းအပတ်စဉ် (၁/၂၀၂၂)ကို မေ ၂ ရက်မှ ဇွန် ၁၀ ရက်အထိ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်လျက်ရှိပြီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း ၁၀ ကျောင်း တွင် မေ ၆ ရက်အထိ သင်တန်း သား သင်တန်းသူ ၆၀၄ ဦးနှင့် စနေ၊ တနင်္ဂနွေ အထူးသင်တန်း များတွင် သင်တန်းသား သင်တန်း သူ ၇၀ စုစုပေါင်း ၆၇၄ ဦး (သင်တန်းသား-၂၀ ၊ သင်တန်းသူ- ၆၅၄ ဦး) တက်ရောက်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်