
နေပြည်တော် မတ် ၇
လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြေပြင်တွင် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ဦးစီးမှူးများနှင့် New Normal ပုံစံဖြင့် ယခုကဲ့သို့ အွန်လိုင်းမှ တွေ့ဆုံ ခြင်းဖြင့် လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် လိုအပ် ချက်များကို အချိန်မီသိရှိပြီး ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဦးစီးဌာနများ အလိုက် ပုံမှန်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အပြင် အချိန်တိုအတွင်း ရလဒ်ထွက်ပေါ်နိုင်မည့် (Quick Win) လုပ်ငန်းစီမံချက်များကို တိကျသော အချိန်ကာလသတ်မှတ်ချက်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် Reporting System အားကောင်းရန်လိုပြီး ရုံးဌာနများအချင်းချင်း ပေါင်းစပ်ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိရန်အတွက် ယင်းအချက်မှာ အဓိကကျသည့်အတွက် တာဝန်ရှိသူများအားလုံး အနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ် ကြောင်း မှာကြားသည်၊၊
ဆွေးနွေးမှာကြား
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က ဌာနမှဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်ရည်ရွယ် ချက်ကို ရှင်းလင်းစွာ နားလည်သဘောပေါက်ရန်လိုပြီး ဝန်ထမ်းများအားလုံး၏ ကိုယ်ရည်ကိုယ်သွေး၊ ဗဟုသုတ၊ လုပ်နည်းလုပ်ဟန်တို့မှာ အလွန်အရေးကြီး ကြောင်းနှင့် ယခုကာလအတွင်း လုံခြုံရေးနှင့် ကျန်းမာရေးအပါအဝင် တာဝန်ထမ်းဆောင်ရာတွင် အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် လုပ်ဆောင်မှုအဆင့်တိုင်းတွင် တိကျမှန်ကန်စနစ် ကျရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန်က ယခင်ပြုလုပ်ခဲ့သည့် (၁/၂၀၂၂)အစည်းအဝေး ဆုံးဖြတ်ချက်များ တစ်ချက် ချင်းအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဝန်ကြီးရုံးဌာနခွဲများမှ တင်ပြ လိုသည့်အချက်များကို တာဝန်ရှိသူများက ဆွေးနွေး တင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့က လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်