လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန သုံးခု ဝန်ထမ်းမိသားစု ပညာသင်ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော်   ဩဂုတ်  ၂


လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန သုံးခုတို့မှ ဝန်ထမ်းများ၏ သား/သမီးများ အနက်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင် စာမေးပွဲတွင်    ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား  ကျောင်းသူများ  ပညာသင်ထူးချွန်ဆုချီးမြှင့်ခြင်းနှင့်  ၂၀၂၂ - ၂၀၂၃  ပညာသင်နှစ်တွင်  ပညာသင်ကြားမည့်  ကျောင်းသား  ကျောင်းသူများ  ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက  ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပ သည်။ 

 


ထောက်ပံ့ပေးအပ်


ဦးစွာ    ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ သက်သက်ခိုင်က  ဝန်ကြီးဌာနတစ်ခုလုံးရှိ  ဝန်ထမ်း များနှင့်ဝန်ထမ်း သား၊ သမီး ကျောင်းသား ကျောင်းသူ များဖြစ်ကြသည့် မူလတန်းအဆင့် ၆၁၈ဦး၊ အလယ် တန်းအဆင့် ၂၃၇ ဦး၊  အထက်တန်းအဆင့် ၈၀ ၊ တက္ကသိုလ်တက်ရောက်သူ ၂၈၇ ဦး၊  တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူ  ၁၃ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၆ ဦး စုစုပေါင်း  ကျောင်းသား ကျောင်းသူ ၁၂၅၁ ဦးအတွက်  ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ပါကြောင်း။ 

 


လူသားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရည်မြင့်မားရေးသည်    အဓိကအကျဆုံးဖြစ် သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေးနှင့်  ပညာရည်မြင့်မားရေးကို ဦးတည်ချက်ချမှတ်၍ အလေးအနက်ထား အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊       မိမိတို့ နိုင်ငံ၊ မိမိတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းစွမ်း တမံဆောင်ရွက်နိုင်ကြသူများဖြစ်အောင် ကြိုးစားကြ ပြီး လုံ့လ၊ ဝီရိယနှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချ လျက်  ပညာကို လိုလိုလားလား ကြိုးစားသင်ယူကြ ရန်၊   နိုင်ငံတော်က   အားကိုးအားထားပြုနိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ် အောင်ကြိုးပမ်းသွားကြစေလိုကြောင်း       ပြောကြား သည်။

 


ဂုဏ်ပြုလက်မှတ်ပေးအပ်


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က     အမှာစကားပြောကြားပြီး   နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)၌  ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်း  ဒုတိယအကြီးအမှူး  စီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၉)တွင်  ဒုတိယဆုရရှိခဲ့သော ဦးဝင်းရွှေ ဒုတိယညွှန်ကြားရေးမှူးချုပ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကို  ပြည်ထောင်စုဝန်ကြီး က ဂုဏ်ပြုလက်မှတ်ပေးအပ်သည်။ ဆက်လက်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၃ ဦးနှင့်  ရိုးရိုးအောင်မြင် သူ ၁၆ ဦး အပါအဝင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်မည့်  စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၂၅၁ ဦးအတွက် ငွေကျပ်စုစုပေါင်း ၁၈၃၆၄၀၀၀ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်