လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ်၏ CMIS Software စမ်းသပ်အသုံးပြုခြင်းသင်တန်း ဖွင့်ပွဲကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၃၁


လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social  Management Information System-SMIS) ၏ CMIS Software စမ်းသပ်အသုံးပြုခြင်း သင်တန်း ဒုတိယအကြိမ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက နေပြည်တော်  မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 


ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်    ပြန်လည်နေရာချထားရေး    ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု အစီအစဉ်တွင် လူမှု ရေးရာဖြစ်ရပ်      စီမံခန့်ခွဲမှုစနစ်အရ     ကာကွယ် စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ၊ လူကုန်ကူးခံရသော    ကလေးသူငယ်များ၊   ဥပဒေနှင့် ငြိစွန်းလျက်ရှိသော  ကလေးသူငယ်များ၊   ရုပ်ပိုင်း ဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အလွဲ သုံးခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းခံရသော  ကလေးသူငယ်များ၊   လူကုန်ကူးခံရသော   ကလေး သူငယ်များအပါအဝင် အထူးစောင့်ရှောက်ရန် လိုအပ် သော  ကလေးသူငယ်များ၏ အချက်အလက်များကို  SMIS စနစ်ဖြင့် စမ်းသပ်ဖြည့်သွင်းနိုင်ရန်အတွက်  တပ်မတော်သတင်းနည်းပညာဌာနမှ    နည်းပညာ အပြည့်အဝ အကူအညီပေး၍ရေးဆွဲခဲ့ရာ ယခုဆိုလျှင်  Case Management Program ရေးဆွဲဆောင်ရွက်မှု (၉၀ ရာခိုင်နှုန်း)၊ CMIS Software Digital Platform အသုံးပြုမှု (၉၀ ရာခိုင်နှုန်း)  ရေးဆွဲပြီးစီးပြီး လူမှုရေး စီမံခန့်ခွဲမှုဆိုင်ရာ      သတင်းအချက်အလက်စနစ်  (SMIS) ကို အကောင်အထည်ဖော်အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကာကွယ်စောင့်ရှောက်မှု လိုအပ်သော  ကလေးသူငယ်များအား   SMIS  စနစ်အတွင်းသို့ ထည့်သွင်းနိုင်ရန်   CMIS  Software   စနစ်အား စမ်းသပ်အသုံးပြုခြင်းဆိုင်ရာ   သင်တန်းကို    လူမှု ဝန်ထမ်းဦးစီးဌာန ရုံးချုပ်နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ    သင်တန်းသား/ သင်တန်းသူများအတွက် ဒုတိယအကြိမ် သင်တန်း ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 


အဆိုပါသင်တန်းကို သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၆၀     တက်ရောက်ခဲ့ပြီး     သင်တန်းကို ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၃  ရက်အထိ ငါးရက် တာ ဖွင့်လှစ်သွားမည်ဖြစ်သည်။  

 


မွန်းလွဲပိုင်းတွင်   (၇၅)   နှစ်မြောက်    စိန်ရတု လွတ်လပ်ရေးနေ့   အခမ်းအနားတွင်   ဝန်ကြီးဌာန ကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်း များကို   ဂုဏ်ပြုလွှာပေးအပ်ခြင်း  အခမ်းအနားကို  ဝန်ကြီးရုံး      အစည်းအဝေးခန်းမ၌     ကျင်းပရာ ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ   သက်သက်ခိုင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

 


ယင်းနောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြု  ပါဝင်ဆောင်ရွက်ခဲ့ကြသည့်    အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့်    ဝန်ထမ်းများကို     ဂုဏ်ပြုလွှာများ ပေးအပ်သည်။

 


ထို့နောက် နေပြည်တော်ကလေးပြုစုရေးဌာန  ကလေးများက ကဗျာရွတ်ဆိုခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်