လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်လာစေရန်၊ ခေတ်စနစ်နှင့် ကိုက်ညီပြီး နိုင်ငံတကာအဆင့်မီသည့် လူမှုဖူလုံရေးစနစ်များကို အကောင်အထည်ဖော်နိုင်ရန် ရေရှည်မျှော်မှန်းချက်များ ချမှတ်လုပ်ဆောင်လျက်ရှိ

နေပြည်တော်   မတ်   ၇


အလုပ်သမားဝန်ကြီးဌာန  လူမှုဖူလုံရေးအဖွဲ့မှ အရာထမ်းများ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂)  သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင်  လူမှု ဖူလုံရေးအဖွဲ့(ရုံးချုပ်)စုဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင်၊  ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြား ရေးမှူးချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် လူမှုဖူလုံရေးရုံးချုပ်မှ ဦးစီးအရာရှိ သင်တန်းသား  ၂၃ ဦး၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/မြို့နယ်ရုံးခွဲများမှ အွန်လိုင်းဖြင့်  ဦးစီးအရာရှိ သင်တန်းသား  ၂၅ ဦး စုစုပေါင်း အရာထမ်း ၄၈ ဦး တက်ရောက်ခဲ့သည်။


ဖွင့်လှစ်ပို့ချခြင်းဖြစ်


သင်တန်းဖွင့်ပွဲတွင်  ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသည်  လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) နှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ဦးစီးအရာရှိများ ကို လုပ်ငန်းခွင်ဆိုင်ရာ စွမ်းဆောင်ရည်နှင့်  အရည် အသွေးများ တိုးတက်မြှင့်တင်ပေးနိုင်ရန်၊ ဌာနတွင်း သက်ဆိုင်ရာ ဘာသာရပ်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် မိတ်ဖက်ဦးစီးဌာနများ၏    လုပ်ငန်းတာဝန်များ၊ လတ်တလောဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေ များနှင့် ကိုက်ညီသည့် ရုံးလုပ်ငန်းများကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချလုပ်ကိုင်သွားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း။ 


ကြိုးပမ်းအားထုတ်


လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်စေရန်     ရည်ရွယ်ပြီး နိုင်ငံတကာလူမှုဖူလုံရေးအဖွဲ့ (International Social Security Association - ISSA)၊  အာဆီယံလူမှုဖူလုံ ရေးအသင်း (ASEAN Social Security Association - ASSA)တို့နှင့် ပူးပေါင်းပြီး နိုင်ငံတကာအဆင့် အဆင့်မီ လူမှုဖူလုံရေးအဖွဲ့ဖြစ်စေရန်   အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  လူမှုဖူလုံရေးလုပ်ငန်း များကို    ခေတ်နှင့်အညီ     အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ လူမှုဖူလုံရေးပညာရှင် တွေ ဆွေးနွေးပြုစုထားသော  ISSA Guidelines များပါ အချက်အလက်၊ အသိပညာများကို လေ့လာ ကိုးကားပြီး မိမိတို့ လက်ရှိတာဝန်ထမ်းဆောင်နေ သော ဌာနအဖွဲ့အစည်းဖြစ်သည့် လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကောင် အထည်ဖော်ဆောင်ရွက်နိုင်စေရန်နှင့်    ပြုပြင်        ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင်   ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် သက်ဆိုင်ရာ ရာထူး အဆင့်ဆင့်အလိုက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် များ ပြည့်ဝနေရန် ကြိုးပမ်းအားထုတ်သွားရန် လိုအပ် ကြောင်း။ 


ချမှတ်လုပ်ဆောင်လျက်ရှိ


လူမှုဖူလုံရေးအဖွဲ့သည် အလုပ်ရှင်/ အလုပ်သမား များ၏ အကျိုး၊ အများပြည်သူအကျိုးကို ရှေးရှုပြီး လူမှုဖူလုံရေးစီမံကိန်းကို   တစ်မျိုးသားလုံးအကျုံးဝင် သည့်  စီမံကိန်းဖြစ်လာစေရန်၊    ခေတ်စနစ်နှင့် ကိုက်ညီပြီး နိုင်ငံတကာအဆင့်မီသည့် လူမှုဖူလုံရေး စနစ်များကို အကောင်အထည်ဖော်နိုင်ရန် ရေရှည် မျှော်မှန်းချက်များ  ချမှတ်လုပ်ဆောင်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့်   အားသွန်ခွန်စိုက်  လိုက်ပါ ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
အဆိုပါသင်တန်းကို Hybrid Training ပုံစံဖြင့် လူမှုဖူလုံရေးအဖွဲ့  ရုံးချုပ်မှ  သင်တန်းသားများအား စုဝေးခန်းမ၌ ကိုယ်တိုင်တက်ရောက်စေခြင်းဖြင့် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/ မြို့နယ်ရုံးခွဲများမှ  သင်တန်းသားများအား  အွန်လိုင်း ဖြင့်   တက်ရောက်စေခြင်းဖြင့်  လည်းကောင်း မတ်  ၇ ရက်မှ ၁၈ ရက်အထိ ကိုးရက်ကြာ  ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။            

သတင်းစဉ်