လူမှုဖူလုံရေးစီမံကိန်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပြမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

လူမှုဖူလုံရေးစီမံကိန်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပြမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

========================================================

နေပြည်တော် ဇန်နဝါရီ ၅

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံ ရေးအဖွဲ့၏ လူမှုဖူလုံရေးစီမံကိန်း လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပြမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာမှတာဝန်ရှိသူများ၊ လူမှုဖူလုံရေးအဖွဲ့ တိုင်းဒေသကြီး/ပြည်နယ်များမှ အမှုထမ်း/အရာထမ်းများ တက်ရောက်ကြသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် အလုပ်သမားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အလုပ်သမားဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး မျှော်မှန်းချက်များချမှတ်ပြီး တည်ငြိမ်အေးချမ်းသည့် လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်များ ရရှိ စေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေး၊ ကျွမ်းကျင်မှု လေ့ကျင့်သင်ကြားပေးရေး၊ လူမှုအကာအကွယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ရည်မှန်းချက်ကိုးရပ်ဖြင့် လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

အဆိုပါ မျှော်မှန်းချက်၊ ရည်မှန်းချက်များအရ လူမှုဖူလုံရေးစီမံကိန်းပါ လုပ်ငန်းများကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပြီး စီမံကိန်းအကျုံးဝင်အာမခံ အလုပ်သမားများအတွက် အကျိုးခံစားခွင့်များ၊ လုပ်ငန်းစဉ်များအပါအဝင် ဥပဒေနှင့်စည်းမျဉ်းများဆိုင်ရာ သတင်းအချက်အလက် များအား အလုပ်ရှင်၊ အလုပ်သမားများ အလွယ်တကူရရှိနိုင်ရန်အတွက် အဓိက လုပ်ငန်းတာဝန် ငါးရပ်အနေဖြင့် အလုပ်ဌာနနှင့် အလုပ်သမားများအားအကျုံးဝင် မှတ်ပုံတင်ခြင်း၊ ထည့်ဝင်ကြေးကောက်ခံခြင်း၊ ငွေကြေးအကျိုးခံစားခွင့် ထုတ်ပေး ခြင်း၊ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် လူမှုဖူလုံရေးစီမံကိန်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းများကို အကျုံးဝင် မြို့နယ်ပေါင်း ၁၁၆ မြို့နယ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

အလုပ်ရှင်၊ အလုပ်သမားများက လူမှုဖူလုံရေးစီမံကိန်းပါ အခွင့်အရေးများ၊ အကျိုးခံစားခွင့်များ၊ တာဝန်ဝတ္တရားများအပါအဝင် စနစ်၏အရေးပါမှုကို သိရှိ နားလည်စေခြင်းဖြင့် လူမှုဖူလုံရေးစီမံကိန်းအပေါ် ယုံကြည်မှုရှိလာပြီး ချမှတ် ဆောင်ရွက်လျက်ရှိသည့် မူဝါဒနှင့်လုပ်ငန်းစဉ်များသည်လည်း အောင်မြင်လာမည် ဖြစ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် လူမှုဖူလုံရေး အစီအစဉ် မှ ခံစားရရှိနိုင်မည့် အချက်အလက်များကို သိရှိအောင် ဆောင်ရွက်ပေးနိုင်ရန် ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုနှင့် ယုံကြည်မှု တည်ဆောက်ခြင်းတို့အတွက် အသိပညာ မြှင့်တင်ဆောင်ရွက်ခြင်းသည် အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း။

အကန့်အသတ်ဖြစ်ခဲ့

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ မဖြစ်ပွားခင်ကာလအတွင်း အသိပညာပေးလုပ်ငန်းများကို လစဉ်စီမံချက်များအရ မြို့နယ်ရုံးခွဲတာဝန်ခံများ၊ ဆေးခန်းတာဝန်ခံများ၊ အလုပ်သမားဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီး များက ကွင်းဆင်းအသိပညာပေးခြင်းများနှင့် လက်ကမ်းစာစောင်များ၊ နံရံကပ် ပိုစတာများကိုလည်း ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာလအတွင်း အသွားအလာကန့်သတ်ခြင်း၊ အလုပ်ဌာနများ၊ လုပ်ငန်းများယာယီရပ်နားခြင်းများ ဖြစ်ပေါ်ခဲ့ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် အကန့်အသတ်ဖြစ်ခဲ့ ရပါကြောင်း၊ ကိုဗစ်-၁၉ ကာလ ထိန်းချုပ်ရေးနှင့်ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများကိုအလုပ်ရှင်၊ အလုပ်သမားသမဂ္ဂများနှင့်ပူးပေါင်းကာ အမျိုးသား ရေးအမြင်ဖြင့် အားထုတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထို့အပြင် ကိုဗစ်-၁၉ ဖြစ်ပွားချိန်ကာလအတွင်းတွင်လည်း ဝန်ကြီးဌာန အနေဖြင့်လိုအပ်သည့် အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ လူမှုဖူလုံရေးအဖွဲ့ကလည်းလိုအပ်သည့် ဖြေလျှော့ဆောင်ရွက်ပေးခြင်းနှင့် ငွေကြေး အထောက်အပံ့ပေးခြင်းအပြင် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် ပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းစဉ်များကို အာမခံအလုပ်သမားများအပါအဝင် အများပြည်သူသိရှိစေရန်နှင့် အသိပညာပေးနိုင်ရန်အတွက် သုံးပွင့်ဆိုင် အစည်း အဝေးများတွင် အလျဉ်းသင့်သလို ဆွေးနွေးပြောကြားခဲ့သော်လည်း လက်တွေ့၌ အလုပ်ရှင်၊ အလုပ်သမားများနှင့် အနီးကပ်ဆောင်ရွက်လျက်ရှိသည့် တိုင်းဒေသ ကြီး/ပြည်နယ် တာဝန်ခံအရာရှိများ၊ ခရိုင်တာဝန်ခံအရာရှိများ၊ မြို့နယ်တာဝန်ခံ အရာရှိများနှင့် ဆရာဝန်များအနေဖြင့် မိမိတို့လူမှုဖူလုံရေး စီမံကိန်းအကြောင်း၊ အာမခံအလုပ်သမားများအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလအတွင်း ဖြေလျှော့ပေးနေမှု၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကို ဆက်လက်အသိပညာမျှဝေပေးရမည်ဖြစ်ကြောင်း။

 

ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတကာတွင်စီးပွားရေး၊ လူမှုရေးအခြေအနေ များစွာ ထိခိုက်စေခဲ့ပြီး ကိုဗစ်-၁၉ အလွန် New Normal အခြေအနေနှင့် လိုက်လျောညီထွေရှိမည့် အခြေအနေများနှင့်အညီ ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် New Normal တွင် လူမှုဖူလုံရေးစီမံကိန်း ဆိုင်ရာအသိပညာပေးမှုများအား အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်ပေးရန် ဆင့်ပွားသင်တန်းပေးနိုင်ရေးအတွက် Training of Trainers သင်တန်းကို အရေးပါသည့် လုပ်ငန်းစဉ်အဖြစ် ခံယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ အွန်လိုင်းစနစ်ဖြင့် လူမှုဖူလုံရေးအဖွဲ့မှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများ၊ ဖြေလျှော့ပေးနေမှုများကို အလုပ်ရှင်၊ အလုပ်သမားများသိရှိ အောင်လုပ်ဆောင်ခြင်းဖြင့် ဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့၏ ရည်မှန်းချက် များ၊ မူဝါဒ၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင်သိရှိပြီး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ် ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ အဆိုပါသင်တန်းကို အွန်လိုင်းမှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၅ ရက်မှ ၂၁ ရက်အထိ သုံးပတ် သတ်မှတ် ကာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ သင်တန်းသား ၂၆၉ ဦးကို တန်းခွဲအလိုက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်